🌸Unicode🌸
ဂျိုဆွန်းခေတ် ၊ ဂိုဂူလျောနိုင်ငံ ။
မိုးသားတွေဟာ သည်းမည်းစွာ မိုးရွာတော့မတတ် ကောင်းကင်ယံမှာ အမှောင်အတိဖုံးနေခဲ့သော်လည်း မြေပြင်ပေါ်သို့ မိုးစက်မိုးပေါက်တွေကတော့ ခစားခြင်းမရှိခဲ့ပေ ။
လှပစွာ ရစ်သီထားသော ကံကောင်းကြိုးတွေရဲ့အောက်တွင် ပွဲတော်ရှိသယောင် လူအများစည်ကားလျက်ရှိနေသည် ။
မိုးသားအတိမှောင်မိုက်နေသော မနက်ခင်းတွင် မီးတိုင်များအား ဘေးတစ်ဖက်တစ်ချက်ဆီတွင် အလင်းရောင်ရစေလိုကား ထွန်းထားခိုင်းစေသည် ။
ပွဲတော်
ယနေ့ကပွဲတော်နေ့ ၊ အရှင်းဆံုးဆိုရလျှင် မိုးခေါ်သည့် မိုးခေါ်ပွဲ ။
မှန်သည် ၊ မိုးခေါ်သည်ဆိုသည်ကား မိုးခေါင်ခြင်းအဖြစ်အပျက်များနှင့် ကြုံေတွ့ရလို့သာ ။
"မိုးခေါ်ပေးပါ ၊ မိုးရွာအောင်လုပ်ပေးပါ!!!"
ဂျွန်ဘုရင် မိုးခေါ်ပွဲနေရာမရောက်ခင် လမ်းပေါ်တွင် တိုင်းသူပြည်သားများ၏ ပူဆွေးမှုအပြည့်နှင့် တောင်းဆိုနေသံများ ။
မိုးခေါင်ခြင်းသည် လူ့အသက်တစ်ချောင်းကို အလွယ်တကူနှုတ်ယူပစ်နိုင်လွန်းစွာ အင်မတန်ကြောက်ရွံ့ဖွယ်ကောင်းလှသည် ။
မိုးခေါင်ခြင်း ဖြစ်သည်ဆိုကာမှတော့ ရေဆိုသည်မှာလည်းရှားသည် ။
ရေရှားမှုကြောင့် တိုင်းသူပြည်သားများသည် ရေကိုဝအောင်မသောက်နိုင် ၊ ကိုယ်ခန္ဓာသန့်စင်ရန် ရေအလုံအလောက်မရှိ စတဲ့ အရာတွေကြောင့် ရောဂါများဖြစ်ပွားလာတဲ့အခါ မခံစားနိုင်တဲ့အဆုံး အသက်ဆုံးရှုံးကြရပေသည် ။
စီးပွားရေးတွင်လည်း များစွာထိခိုက်ပျက်စီးမှုများ ဖြစ်လာခဲ့သည် ၊ တောင်သူလယ်လုပ်သော လယ်သမားတွေသည် စိုက်ပျိုးခင်းထဲ ရေသွယ်မပို့နိုင်သောကြောင့် ပျိုးေထာင်စိုက်ပျုိးထားသောအရာတွေသည် ပျက်သုန်းကုန်ကြရပြန်သည် ။
ထိုသို့ ဆိုးရွားမှုတွေဖြစ်ပြီးနောက်မှာတော့ တိုင်းသူပြည်သားတွေဟာ ပြစ်တင်ပြောဆိုမှုတွေဖြစ်လာခဲ့ကြသည် ။
VOCÊ ESTÁ LENDO
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II