🌸8🌸

1.7K 275 43
                                    

🌸Unicode🌸

"ကိုကိုရာ ဘာမှမဖြစ်ပါဘူး ၊ ကိုကိုသတိမထားမိလိုက်လို့ ဖြစ်သွားတဲ့အမှား‌ေလးတစ်ခုပဲကို"

"ဖြစ်သွားတဲ့အမှား‌‌ေလးတစ်ခု? ဒီမှာ ဆော့ဂျင်!!!

ပန်းချီဆရာတစ်ယောက်က သူဆွဲထားတဲ့ပန်းချီကားချပ်ပေါ်မှာ အမှားတစ်ခုလုပ်မိပြီဆိုရင် ဆေးရောင်တွေနဲ့ ပြန်ပြင်ဖို့က သိပ်မခက်ဘူး ၊ သမားတော်တစ်ယောက်က သူကုသပေးတဲ့ လူနာတစ်ယောက်ရဲ့အပေါ်ကို အမှားတစ်ခုလုပ်မိပြီဆိုရင် တန်ဖိုးရှိတဲ့အသက်တစ်ချောင်း ၊ အပြစ်မရှိတဲ့အသက်တစ်ချောင်း ဆုံးရှုံးရမယ် ၊ ပြန်ပြင်ဖို့က ပန်းချီဆရာတစ်ယောက်လို လွယ်ကူမနေဘူး ၊

အခု ကိုကိုလုပ်မိလိုက်တဲ့အမှားတစ်ခုက အမှားလေးမဟုတ်ဘူး ၊ အပြစ်မရှိတဲ့အသက်တစ်ချောင်းဆုံးရှုံးလိုက်ရတဲ့အမှားကြီးကွ ၊ သိရဲ့လား? အမှားကြီး"

ထယ်ယောင်း ဆေးကုသ‌ဆောင်မှာ ဆေးကုသ‌ဖို့တာဝန်ယူထားတဲ့ လူနာတစ်ယောက်ဟာ ရေရေရာရာမသိတဲ့ ရောဂါတစ်ခုကြောင့် အသက်ဆုံးရှုံးလိုက်ရသည် ၊

ယူကြုံးမရဖြစ်ကာ ကိုယ့်ကိုယ်ကို ထယ်ယောင်းအပြစ်တင်နေမိသည် ။

ဒါကို ဆော့ဂျင်က သိတော့ ထယ်ယောင်း ကိုယ့်ကိုယ်ကိုအပြစ်မတင်ဖို့ တားနေရသည် ။

"မဟုတ်တာ ၊ ဒီကိစ္စက ကိုကို့ကြောင့်မဟုတ်ဘူးလေ ၊ သူ့မှာရှိတဲ့ရောဂါဆိုတာ ရေရေရာရာ သေသေချာချာမသိတဲ့ လူနာတစ်ယောက်ကို အတတ်နိုင်ဆုံး ကိုကိုလည်း ‌ကုသပေးခဲ့တာပဲလေ ၊ သူလူ့လောကမှာနေရမယ့်ကံကုန်လို့ ဖြစ်သွားတယ်ပဲသတ်မှတ်လိုက်ပါ..."

"ဆော့ဂျင်!!! မင်းက ကိုယ့်ကို ကိုယ့်တာဝန်ကို တာဝန်မယူတတ်တဲ့သူတစ်ယောက်ရဲ့ စိတ်ဓာတ်တွေသွင်းပေးနေတာလား!! လူနာပါဆိုမှ သူ့ရောဂါပျောက်ချင်လို့ ၊ ကိုယ့်ကိုယုံကြည်လို့ လာကုသတာလေ ၊ အခုသူက..."

ထယ်ယောင်းက ဆေးပညာတွင် အရမ်းကို ပါရမီပါသော လူတစ်ယောက်ဖြစ်သည်ဆိုသည်မှာမှန်သည် ၊ ပါရမီပါတဲ့နည်းတူ ကိုယ့်တာဝန်ကိုယူချင်စိတ်အပြည့်အဝရှိသူတစ်ယောက်လည်းဖြစ်ပြန်သည် ၊

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IIWhere stories live. Discover now