🌸25(둘)🌸

1.9K 203 46
                                    

🌸Unicode🌸
(ရာဇဝင်ထဲတွင် သိသားခဲ့သည့် အဆုံးသတ်)

ဆော့ဂျင်‌နဲ့ဟိုဆော့ နန်းတွင်းက ထွက်လာချိန်တွင် အီအွန်ဟီးအထိန်‌းတော်ကြီးနှင့် တန်းတိုးသည် ။

လက်ထဲတွင် ပွေ့ချီထားသော ကလေးလေးကို ဆော့ဂျင်လှမ်းမြင်ဖြစ်အောင် မြင်လိုက်ရသေးသည် ။

ဆော့ဂျင် ထိုကလေးလေးအား မြင်မြင်ကတည်းက အရမ်းတွေပွေ့ချီချင်နေတဲ့စိတ်ကို ထိန်းကာ အိမ်တော်ကိုသာ ပြန်လာခဲ့လိုက်သည် ။

.......

"အဂီ ဒီမှာ သမီးလေးဆီက စာ!!!"

"ဟေ အဟုတ်လား"

အပျော်လွန်ကာ နှစ်ယောက်သားအလျင်အမြန်ဖောက်ဖတ်လိုက်တော့ , သာကြောင်း မာကြောင်းနှင့် အဆင်ပြေကြောင်းအစုံကိုရေးထားသည် ။

ထိုစာလေးက အရမ်းကိုရှည်လွန်းပါတယ် ၊ မမောနိုင်မပန်းနိုင် ဖတ်တဲ့ ယွန်ဂီနဲ့ဟိုဆော့ဟာ သားသမီးဇောဆိုသော အရာလေးကို ကပ်ပါလျက်နှင့်ထင်သည် ။

.......

ဂျီမင်းက အခုဆိုရင် ကုတင်ပေါ်မှာသာ အိပ်နေရတဲ့အခြေအနေ‌ေလးနှင့် ။

အကြောင်းကတော့ ရင်သွေးလေးတွေ မွေးပြီးသွားတာကိုပြောချင်တာပါ ။

ယောက်ျားလေးနဲ့မိန်းကလေးတဲ့ ၊ အမွှာလေးမွေးသည်ပေါ့ ၊ သမီးလေးက အကြီး ဂျီမင်းနဲ့တူတဲ့သမီးလေးဆိုပြီး ပြော၍မရ ၊ တကယ်ကိုချွတ်စွပ်‌ေဂျာင်ကုပံုစံတူသမီးလေး ၊ နှုတ်ခမ်းအောက်က မှဲ့နက်လေးကအစ ဂျောင်ကုနှင့် တူနေသေးသည် ၊ သားလေးကတော့ အငယ်လေး ၊ ဂျီမင်းနှင့်တူသည် ၊ မွေးလာကတည်းက တည်ငြိမ်သည် ၊ နူးနူးညံ့ညံ့လေး ၊ အသံကိုမထွက်လို့ တစ်ခုခုများဖြစ်တာလား ဆိုပြီး ဖင်လေးပုတ်ကြည့်လိုက်တော့မှ အ့ ဆိုတဲ့ အသံလေးနဲ့ ပြန်ငြိမ်ကျသွားသည် ၊ ထိုအသံသေးသေးလေးနှင့်ပင် စိတ်‌ေအးလိုက်ရသည် ။

.......

"ကိုယ်ညီလာခံသွားမလို့ ငြိမ်ငြိမ်လေးပဲနေနော် , တစ်ခုခုဆိုရင် ရှေ့မှာ အထိန်းတော်ကြီးရှိတယ် ခေါ်ခိုင်း ပြွတ်စ်"

ညီလာခံခန်းမလေးသွားမှာကို မှာတမ်းခြွေမပြီးသော ဂျောင်ကုကြောင့့် ဂျီမင်း ခေါင်းကိုဆွဲယူကာ နမ်းပစ်လိုက်သည် ။

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IIDonde viven las historias. Descúbrelo ahora