🌸Unicode🌸
"နတ်ဆရာမကြီး ပြောသလိုပါပဲ ရွေးချယ်မှုမှန်သည်ထင်တယ် ၊ မနေ့ကညကြီး မိုးသဲကြီးမဲကြီး ရွာပါတယ်"
"အင်း ဖူးစာရှင်အစစ်အမှန်ကိုတွေ့တယ်ဆိုရမှာပေါ့"
ဂျောင်ကုရဲ့ ကံကြမ္မာက တိုင်းပြည်နဲ့ဆက်စပ်နေတယ်ဆိုရမလား ၊ နတ်ဆရာမ ကြမ္မာဖတ်လိုက်တဲ့အခါ တိုင်းပြည်တိုးတက်မှုရှိဖို့ရာ ဖူးစာရှင်ရှိမှ ပါရမီပြည့်ဖက်ရှိမှ တိုးတက်မည်ဆိုတဲ့သဘောကို တွေ့ခဲ့ရသည် ၊ အဲ့ဒါကြောင့် စည်းဝိုင်း ဝိုင်းထားခိုင်းပြီး ဖူးစာရှင်အစစ်အမှန်က ထိုစည်းဝိုင်းအတွင်းရောက်လာလိမ့်မည်ဆိုခဲ့သည် ၊ အားလုံးအပြီးစီးမှာတော့ ရောက်လာခဲ့သူက ဂျီမင်းပင် ။
မနေ့က လက်ထပ်ထိမ်းမြားခြင်းအခမ်းအနားအပြီး ညကြ မိုးတွေသဲသဲမဲမဲ ထရွာလာခဲ့သည် ၊ တိုင်းပြည်လည်း တိုးတက်လာမယ့် သဘောကို ကြိုတင်မြင်နေသယောင် ။
.......
"ဟဲ့ အမေ့"
"ငါတောင်းပန်ပါတယ် မင်းရရဲ့လား??"
ဂျီမင်း နန်းဆောင်နေရာကနေ အတွေးများပြီး အပြင်ထွက်လာမိလိုက်သည် ၊ အတွေးပေါင်းစုံနဲ့ဆိုတော့ ရှေ့ကလူလာတာကို မမြင်ပဲတိုက်မိလိုက်သည် ။
"မဟုတ်တာ ရပါတယ် ကျွန်တော်မှားတာပါ ၊ ခင်ဗျားကို တောင်းပန်ပါတယ်"
တိုက်မိလိုက်တာက ကိုယ် ၊ အတိုက်ခံရတဲ့သူက ပြန်တောင်းပန်နေတော့ ဂျီမင်းလည်း ထိုသူ့ဘက်က မမှားကြောင်းပြန်ပြောလိုက်ပြီး တောင်းပန်လိုက်သည် ။
"အဲ မင်းကို နန်းတွင်းထဲမှာ မမြင်ဖူးသလိုပဲ ၊ နာမည်က???"
"ပတ်ခ်ဂျီမင်းပါ ၊ သာမာန်လယ်သမားရဲ့သားတစ်ယောက်ပါ"
"ဟေ? သာမာန်လယ်သမားသားက နန်းတွင်းအဆင့်မြင့် ဝတ်ရုံတော်တွေနဲ့ပါလား??"
"အာ... ဒါက"
"အရှင်လင်း ဂျွန်ဘုရင် နန်းဆောင်ရောက်နေပါပြီ!!"
ဂျီမင်းစကားတွေရပ်တန့်နေချိန် အထိန်းတော်ပုံစံလူတစ်ယောက်က သူ့ရှေ့ကလူကို လာခေါ်နေသည် ။
YOU ARE READING
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II