🌸22🌸

1.5K 215 179
                                    

🌸Unicode🌸

"အခု ကျွန်တော့်မှာ နန်းရင်သွေးလွယ်ထားရပြီ!!!"

"မဖြစ်နိုင်တာ"

မျက်လုံးပြူးမျက်ဆန်ပြူးနှင့် အီအွန်ဟီးသည် မဖြစ်နိုင်ကြောင်း ပြော‌ေနသည် ။

"ဖြစ်နိုင်တယ်လေ ၊ ဖြစ်နိုင်လို့ပဲ ခုဖြစ်သွားတာကို"

"မယုံဘူး ၊ နင်က ယောက်ျားလေးလေ"

"ယောက်ျားလေး အဟက်.. မိဖုရားအီ မင်းဘယ်ခေတ်မှာ နေနေတာလဲ ၊ ယောက်ျားလေး ကိုယ်ဝန်မဆောင်နိုင်ဘူးဆိုတဲ့ ခေတ်က ဟိုအဝေးကြီးမှာ ကျန်နေခဲ့ပြီနော်"

"ဘယ်.. .ဘယ်လို ၊ ဘယ်လိုပဲဖြစ်ဖြစ်လေ မယုံဘူး!! ၊ သမားတော်နဲ့ စမ်းသပ်ပြ!!!"

ပြဿနာက အဲ့မှာစတာပဲ ၊ ဒီဟာမကို ငါတော်တော်သတ်ချင်နေပြီ ၊ ရှည်နေတာပဲ ၊ ငါရှိတယ်ဆိုရှိတယ်ပေါ့ ။

"အဲ့ဒါက .. ."

"တော်တော့!!! ရပ်ကြတော့!! ညီလာခံဒီမှာတင်ပြီးပြီ"

"မဟုတ်ဘူးလေ အရှင် ဟို.."

"လာ..မင် သွားမယ်"

ညီလာခံနန်းဆောင်ထဲတွင် အီအွန်းဟီးနဲ့ အမတ်တွေကတော့ ဆွေ့ဆွေ့ခုန်အောင်ကို ကျန်ရစ်ခဲ့သည် ။

ဟူး...မောင် ကယ်လို့သာပေါ့.....။

.......

"ပညာတော်သင်တို့ အခုပြောပြလိုက်တဲ့ စည်းကမ်းချက်တွေကို လိုက်နာနိုင်မယ်လို့ မျှော်လင့်ပါတယ် ၊ ထပ်ပြီးတော့...ဟင်? ဟိတ် ဟိုမိန်းကလေး ၊ မိန်းကလေး!!"

နမ်ဂျွန်း ပညာတော်သင် ကလေးတွေကို စည်းကမ်းချက်တွေနှင့် ကြိုးစားသင်ယူဖို့ကို ပြောပြီးသည်အထိ ဘေးအစွန်က မိန်းကလေးသည် ကြမ်းပြင်ပေါ်ကိုသာ စိုက်ကြည့်နေကာ ခေါင်းငိုက်စိုက်အနေထားနှင့်ပင် နေသည်မှာကြာနေပြီဖြစ်သည် ။

နမ်ဂျွန်းခေါ်သံကြားတော့မှ ။

"အာ..ဟို အရှင့်ကို ယွန်းဆော့ တောင်းပန်ပါတယ် ၊ အတွေးလွန်သွားမိလို့ပါ"

"နာမည်ကယွန်းဆော့လား?"

"ဟုတ်"

"အရှင် ... မိဖုရားက မနက်ကတည်းက နန်း‌ေဆာင်ထဲက ထွက်မလာသေးပါဘူး"

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IINơi câu chuyện tồn tại. Hãy khám phá bây giờ