🌸Unicode🌸
"အပြစ်သား လီဟိုဘင်းအား နောက်ဆုံးအနေနဲ့ အခွင့်ရေးတစ်ခုပေးမယ် ၊ တောင်းဆိုခွင့်!!"
လူအများရှေ့တွင် တိုင်းပြည်ရဲ့ဘုရင်ဖြစ်သူ မင်းကြီးဂျွန်ဂျောင်ကု၏ အသံက ထင်းခနဲ ။
တိုင်းပြည်ပုန်ကန်မှုဆိုသည်မှာ ကြိမ်ဒဏ် နှင့် အကျဉ်းချရုံလောက်ဖြင့်မပြီးနိုင်သော ရာဇဝတ်မှု တစ်ခုမဟုတ်မှန်း လူတိုင်းနီးပါးသိကြသလို အန္တရာယ်အကြီးမားဆုံး ရာဇဝတ်မှုတစ်ခုဆိုသည်ကိုလည်း သိကြမည်ထင်သည် ။
ထို ရာဇဝတ်မှုအား ကျူးလွန်ထားသော လီဟိုဘင်းအနေဖြင့် အသက်ဘေးမှ လွတ်မြောက်နိုင်ဖွယ်ရာ မရှိပေ ။
တိုင်းပြည်လူအများ စုဝေးနေကြပြီး နိုင်ငံေတာ်ကို သစ္စာဖောက်ပုန်ကန်တဲ့ ရာဇဝတ်သားလီဟိုဘင်းကို ပြစ်တင်ရှုံ့ချနေကြသည် ၊ တစ်ချို့သောသူများကလည်း ခဲလုံးတွေနှင့်ဝိုင်းပစ်နေကြပြန်သည် ။
ရာဇဝတ်သား လီဟိုဘင်းက မင်းကြီးဂျောင်ကု၏ ထိုအခွင့်အရေးစကားကိုကြားသည်နှင့် မျက်လုံးအစုံတို့သည် လင်းလက်သွားသယောင် ထင်မှတ်ရသည် ၊ မကြာခင်သေတော့မည့်သူဖြစ်သည်ကို မေ့လျော့သွားသည်အထင် ။
လီဟိုဘင်း အစောင့်တပ်သားတစ်ယောက်အား အနားသို့လာခိုင်းကာ တိုးညှင်းစွာ ကပ်ပြောပြီး တစ်ခုခုကို စေခိုင်းလိုက်သည် ။
သုံးစက္ကန့်နီးပါးမကြာ အစောင့်တပ်သားက လီဟိုဘင်းအဝတ်အတွင်းသို့ လက်ထည့်ကာ တစ်စုံတစ်ခုကို နှိုက်ယူသည် ။
အပြစ်သားအား ဝိုင်းကြည့်နေသော တိုင်းသူပြည်သား အများနှင့် အမြင့်တွင်ထိုင်နေသော မင်းကြီးဂျွန် ၊ မိဖုရားပတ်ခ် ၊ မိဖုရားအီ တို့သည်လည်း စိတ်ဝင်စားမှုမြင့်တက်နေသည် ။
ဘေးရှိ အစောင့်တပ်သား ၊ ရဲမက်အပေါင်းတို့ကလည်း ထိခိုက်စေနိုင်သော လက်နက်ဖြစ်မည်ဆိုလျှင် တိုက်ခိုက်နိုင်ရန် ဓါး ၊ လှံတို့ကို အဆင်သင့်သီးခြားစီကိုင်ထားကြသေးသည် ။
.......
"ပါးပါး ဖေဖေကော??"
"နင့်ေဖဖေ နန်းတွင်းသွားတယ် ၊ နေပါဦး နင်ကဘယ်ကပြန်လာတာလဲ?"
KAMU SEDANG MEMBACA
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II