🌸24🌸

1.4K 200 51
                                    

🌸Unicode🌸

ညီလာခံတွင် ဂျီမင်းနန်းသွေးရှိမရှိ စစ်ဆေးပြီးကတည်းက အီအွန်ဟီးတစ်ယောက် ကိုယ်ဝန်ဆောင်နေရတာတောင် သွေးတိုးဖြစ်အောင်တိုးသွားခဲ့သေးသည် ။

ထိုသို့ဖြစ်သည်ဆိုမှတော့ ရလာဒ်ထွက်ခဲ့သည့်အရာက မည်သည်ဆိုတာကို ရိပ်မိကြမည်ထင်သည် ။

နန်း‌ေသွး ၊ ဂျီမင်းမှာ နန်းသွေးလွယ်ထားနှင့်နေပြီးဖြစ်သည် ...။

.......

"ဆေးအစွမ်းက မြန်လှချည်လား ဂျီမင်းရဲ့?"

"အကိုတော်ရယ် ဆေးအစွမ်းပြန်ဆို ကျွန်တော်က စွမ်းဆောင်အားကောင်းတာကို.."

ဆော့ဂျင် ဂျီမင်းကို အမေးထောက်လိုက်ပေမဲ့လို့ ဂျောင်ကုက ကြားဝင်ဖြတ်ကာ အမြင်ကတ်စရာလို ဂုဏ်ဆာနေသေးသည် ။

ဂျောင်ကု စွမ်းဆောင်အားကြီးသည်ဆိုသည်ကိုတော့ ဂျီမင်းမငြင်းလို့ ၊ သို့ပေမဲ့ တစ်ရက်နီးပါး အိပ်ယာပေါ်မှာ နေရသည်အထိ ဖြစ်ခဲ့တာကိုတော့ သိပ်အစာမကြေချင် ။

မျက်စောင်းလှလှလေး တစ်ချက် ဂျောင်ကုကို ပစ်ကြွေးလိုက်ပြီးသည်နှင့် သောက်လက်စ ဆေးအကြမ်းရည်ကို တစ်ငုံမော့လိုက်သည် ။

"ဟုတ်ပါပြီ ဂျောင်ကုရာ ၊ ဒါပေမဲ့ အကိုတော်ဆိုလိုချင်တာက အဲ့တိုင်းမဟုတ်ဘူးကွ ၊ အရှင်လင်းတို့ တိုင်းပြည်က ဆေးပညာကို ခုဖြစ်သွားတဲ့ကိစ္စကို ကြည့်ပြီး အကိုတော် မလေးစားပဲကို မနေနိုင်ဘူး"

"ဘာတွေ မ‌ေလးစားလို့မနေနိုင်နေကြတာလဲ??"

‌ဆော့ဂျင် ၊ ဂျောင်ကုနှင့် ဂျီမင်းတို့သုံးယောက်စကားဝိုင်းထဲကို ရောက်လာတဲ့ အသံ ၊ တစ်ပြိုက်နက်တည်း သုံးယောက်လှည့်ကြည့်လိုက်တော့ ထယ်ယောင်းပင် ၊ ရုပ်က ဘီလူးချီးပန်းမျက်ခွက်နှင့် ဘာတွေဘယ်လိုဖြစ်လာသည်မသိ ။

ရောက်လာတဲ့ ‌ထယ်ယောင်းက ဆော့ဂျင်ဘေးနားလာထိုင်ကာ ပုခုံးပေါ်ခေါင်းတင်လျက် မျက်နှာအနေအထားကတော့ တစ်ခုခုကို စိတ်ရှုပ်နေဟန် ။

"သခင်လေးထယ်ယောင်း ဘာတွေဖြစ်နေတာလဲ?"

ဂျီမင်းအမေးကို မည်သို့မျှတုံ့ပြန်ခြင်း မရှိပဲ ‌ဆော့ဂျင်ပုခုံးပေါ် ခေါင်းတင်မှီထားသည့်အတိုင်းပင် ငြိမ်နေသေးသည် ။

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IITempat cerita menjadi hidup. Temukan sekarang