🌸Unicode🌸
"မင်းရူးများသွားတာလား ဂျောင်ကု ၊ ဆွေးနွေးစရာရှိလို့ဆို ခေါ်ပြီး တစ်နာရီကျော်တိတိ ငါ့ကိုထိုင်စောင့်ခိုင်းခဲ့တာ ဂျီမင်းကို ပြန်မခေါ်တော့ဘူးဆိုတာပြောဖို့လား??"
"ကျွန်တော်မရူးပါဘူး..ဒါမဲ့ ဆွေးနွေးဖို့ခေါ်တဲ့ကိစ္စက အဲ့ဒါတော့ ဟုတ်တယ်"
"ဂျောင်ကု မင်းသေချာရော ပြန်စဉ်းစားကြည့်ဦး အခုပဲဂျီမင်းကို ဟိုလူလာတောင်း ပေး ဒီလူလာတောင်းထည့်ပေး ၊ အခုပဲ ခေါ်မယ် ခဏနေကြတော့မခေါ်တော့ဘူးနဲ့
မင်းကိုယ်မင်း ဇယ်တောက်နေတာများမှတ်နေတာလား!!! အခု ဘုတ်ပြားပေါ်က ကျတယ် မကျဘူးဆိုပြီး!!!"
"မဟုတ်ပါဘူး ကျွန်တော်က ဇယားရှုပ်သလားလို့"
"ဘာ!!!!ဂျောင်ကု!!"
ဆော့ဂျင် စိတ်တိုမှုက တကယ့်ကို အထွဋ်အထိပ် ရောက်နေပြီဖြစ်သည် ။
"နေ နေပါဦး ဂျီမင်းကို ဇယားရှုပ်တယ်ပြောရအောင် ဘာတွေကများ ဇယားရှုပ်သွားလို့လဲ?"
"အဟက် အကိုတော် ဒီမေးခွန်း မေးမှမေးပါမလားလို့"
"အဲ ဟုတ်ပြီ ကဲပြောပါဦး"
"ဒီလိုလေ အခုဆို ကျွန်တော့မှာ မိဖုရားနှစ်ပါးရှိတယ်လေ ၊
တစ်ပါးကလည်း ကိုယ်ဝန်သည်ဖြစ်နေပြီ ၊ နောက်တစ်ပါးကလည် ဘယ်ချိန် ဘယ်လိုကိုယ်ဝန် ထရမယ်မသိဘူး ၊
အဲ့တော့ သူတို့နှစ်ယောက်ကိစ္စတွေနဲ့ ရှုပ်နေပြီလေ ၊ အဲ့အရှုပ်ထဲကို မိဖုရားပတ်ခ်ဝင်လာရင် ပိုရှုပ်သွားမှာလဲ ၊ အဲ~ ဒီတော့ အရှုပ်ထဲအရှုပ်လာရင် အရှုပ်တွေပဲထပ်နေတော့မှာလေ အဲ့ကြောင့်"
"တော် တော်ပြီ ဂျောင်ကု မင်းဆက်မပြောနဲ့တော့ ၊ ငါမင်းကို နောက်ဆံုးမေးမယ် !!"
အင်းအဲ မထောက်ပဲ ဆော့ဂျင်ကိုသာ စိုက်ကြည့်နေတဲ့ ဂျောင်ကု ။
"မင်း ဂျီမင်းကို မချစ်ဘူးလား?"
စိုက်ကြည့်နေတဲ့ ဂျောင်ကုမျက်ဝန်းတွေက အောက်စိုက်သွားပြီး ဘာေြဖသံမှ ထပ်ထွက်မလာခဲ့ပေ ။
YOU ARE READING
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II