🌸18🌸

1.5K 236 34
                                    

🌸Unicode🌸

"မသွားနဲ့လို့ ပြောနေတာကို ကိုယ်ဝန်က လရင့်သေးတာမဟုတ်ဘူးလေ"

"ခဏလေးပဲလေ ၊ ဟိုေဆာ့ဆီခဏလောက်သွားပြီ ပြန်လာမှာကို"

"ကင်ဆော့ဂျင်!! ခင်ဗျား ကျုပ်စကားကိုနားမထောင်ဘူးလား!!!"

"ဪ ခုတော့ မင်းက ငါ့ကို ခင်ဗျားတွေကျုပ်တွေနဲ့ပြောနေပြီပေါ့ ၊ အေး မင်းအဲ့လိုပြောလို့ကို သွားမှာ မင်းမသွားခိုင်းလို့ကိုငါက သွားမှာ"

"ကဲဗျာ ခင်ဗျားသွားချင်သပဆို သွားတော့သွား!! ကျုပ်မတားတော့ဘူး!!!"

ပြောရင်း‌ဆိုရင်းနဲ့ ကိုယ်ဝန်နဲ့ ဆော့ဂျင်က အိမ်ရှေ့ကို ကော့တော့ကော့တော့နှင့်ထွက်သွားသည် ။

တကယ်မနိုင်ဘူး ၊ ကိုယ်ဝန်ရှိနေလို့ အရာအားလုံးအလျှော့ပေးနေခဲ့တာ ရောင့်တက်လာသလိုပဲ ၊ လူကိုတအားနိုင်စားချင်နေတာ ။

ကိုယ်ဝန်လနုသေးလို့ အိမ်မှာပဲနေပါ ၊ စကားပြောချင်ခေါ်ပေးပါမယ်ဆိုတာကို မရဘူး ၊ ဇွတ်တွေသွားချင်နေတာ ၊ မရတော့ဘူး မတားဘူး သွားတော့ ။

.......

"မောင့်!!"

စာကြည့်စားပွဲပေါ် သဝဏ်လွှာတွေ ထိုင်ဖတ်နေရင်း ရောက်လာတဲ့ ချစ်ရသူလေးကြောင့် ဂျောင်ကု မော့ကြည့်လိုက်မိသည် ။

ညဝတ် ဝတ်ရုံ အဖြူရောင်လေးနှင့် ပြင်ဆင်ခြယ်သခြင်းမရှိပဲ ပန်းနုရောင်သန်းနေ‌ေသာပါးပြင်မို့မို့ ၊ ဆေးရောင်မ‌ဆိုးပဲနဲ့လည်း နီရဲနေတဲ့ နှုတ်ခမ်းထူထူလေး ၊ ရာသီဥတုအေးသည့်အထင်နှင့် ရဲနေသော နှာခေါင်းရဲရဲလေးတွေက တကယ်ကို ချစ်စဖွယ် ၊ စွဲမက်ဖွယ်အတိပင် ။

"မောင့်! မောင်ရေ မောင်!!"

အချိန်အကြာအထိ လူကိုစိုက်ကြည့်နေပြီး ခေါ်မရသော ဂျောင်ကုကြောင့် ဂျီမင်းစိတ်မရှည်တော့ ။

"ဪ အ.. . အင်း ပြော ပြောလေ မင်?"

"ဟူး...တော်သေးတယ် ငုတ်တုတ်ကြီးများ အသက်ထွက်တော်မူသွားတာလားလို့ တော်ကြာ ဂျွန်ဘုရင် ငုတ်တုတ်မေ့အသက်ထွက်သွားခြင်းဆိုပြီး ကျော်မကောင်း ကြားမကောင်းတွေဖြစ်ကုန်မှဖြင့်"

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IIOnde histórias criam vida. Descubra agora