🌸Unicode🌸
"မန်နို!! မင်းပါးစပ်ကို အခုပိတ်မလား ၊ မင်းအသက်ကို ငါနှုတ်ပေးရမလား"
"တောင်းပန်ပါတယ် ခေါင်းဆောင် ၊ ကျွန်တော်က ဖြစ်နိုင်ချေရှိတာကိုပြောတာပါ"
"မင်းက ငါ့ရဲ့ဖြူစင်တဲ့ပန်းပွင့်ငယ်လေးကို သူလျှိုပါလို့ပြောတာက ဖြစ်နိုင်ချေရှိတာတဲ့လား!!"
"မန်နိုက.."
"ဟျောင့် မင်းပါးစပ်ကိုခုချက်ချင်းပိတ်လိုက်တော့!!"
ဘာလဲ စစ်ဆင်ရေးအကြောင်းပြောနေတုန်းက ပန်းပွင့်ငယ်လေးက သူ့အခန်းမှာရှိမနေတာကို လာေချာင်းနားထောင်တာတဲ့ ဒီကောင်မန်နို ငါ့ရှေ့မှာလာပြီး တော်တော်သတ္တိကောင်းနေပါလား ။
"မန်နို!! မင်းကိုငါတစ်ခုသိအောင်ပြောပြမယ် ၊
အကယ်၍ ပန်းပွင့်ငယ်လေးက သူလျှိုဆိုရင်တောင် ငါကသူ့ကိုကျေကျေနပ်နပ်ကြီး ငါ့ဘေးနားမှာဆက်ထားမှာ"
"ခေါင်းဆောင်ရဲ့ အသက်အန္တရာယ် ရှိနေရင်ရော"
"ဟင်း ငါ့အသက်ကိုထိခိုက်မှုဖြစ်မယ်ဆိုရင်တောင်မှပေါ့ ၊
သူ့ကို ငါအဝေးကိုတွန်းလွှတ်ဖို့ ဆန္ဒမရှိဘူး သိပ်ချစ်တာမလို့!!"
"ဟာ..မတန်လိုက်တာဗျာ ခေါင်းဆောင်ရဲ့ လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရပြီးပြီလေ ၊ ပုလဲကျောက်ကို သူဘာလို့ရှာလဲဆိုတဲ့အကြောင်းကိုလည်း ရေရေရာရာမပြော ၊ ခေါင်းဆောင်ကလည်းမမေးဘူး ၊
ထပ်ပြီးတော့ အသက်ဆုံးရှုံးရင်တောင် ဆက်ထားမယ်ဆိုတော့ ဘာမဟုတ်တဲ့ယောက်ျားတစ်ယောက်အတွက်နဲ့..."
ခွပ်!
စကားမဆုံးခင် မျက်နှာပေါ် ပြင်းထန်စွာကျလာတဲ့ လက်သီးအရှိန်ကြောင့် မန်နိုခေါင်းပတ်ချာလည်အောင် မူးသွားသည် ။
"မင်းကို ငါ့သစ္စာခံမလို့ ဒီလောက်ထိ ခွင့်လွှတ်ထားတာနော်!! နောက်ခါ ပန်းပွင့်ငယ်လေးကို ဘာမဟုတ်တဲ့ယောက်ျားလို့ မင်းရဲ့ေ-ာက်ေပါက်က ပြောရဲပြောကြည့် မင်းအသက်ကို ငါအာမခံမပေးနိုင်ဘူး!!
အေး!! မင်းမှတ်ထားရမှာက သူက မင်းတို့ထက် အဆပေါင်းများစွာသာတဲ့ ယောက်ျားတစ်ယောက် ၊ ငါချစ်ရတဲ့ ယောက်ျားတစ်ယောက်မို့လို့ မင်းတို့လိုလူမျိုးတွေက သူ့ကိုအဲ့လိုဝေဖန်ပိုင်ခွင့်မရှိဘူး ၊
ESTÁS LEYENDO
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II