Intro

878 50 0
                                    

လိုချင်တဲ့အရာတစ်ခုကြောင့် သူ့ကိုချဥ်းကပ်ခဲ့မိတာ ငါဝန်ခံပါတယ်။ ဒါပေမဲ့လဲ မသိလိုက်ခင်အချိန်‌လေးအတွင်းမှာ ငါ့နှလုံးသားကို သူပိုင်သွားပြီ။  ငါသူ့ကိုချစ်တယ် ပြောမပြတတ်အောင်ကိုချစ်မိသွားခဲ့တာ။ ငါ့ရဲ့ဘဝ နဲ့ သူ့ကို ယှဉ်ရွေးခိုင်းရင်တောင် ငါအားလုံးကိုကျောခိုင်းနိုင်တယ် ဘာလို့ဆို ငါ့အတွက်  အရေးကြီးဆုံးက Kang TaeHyun မလို့ ~~သူ့ဆီက ငါလိုချင်တဲ့အရာထက် သူကသာ ငါအလိုအပ်ဆုံးအရာ -- Choi BeomGyu


ငြိမ်သက်နေတဲ့ ကျနော့်ဘဝထဲကို မတော်တဆဆိုတဲ့လမ်းကြောင်းကိုသုံးပြီး တိုက်ဆိုင်မှုကုတ်အင်္ကျီလေးဝတ်ထားတဲ့ ကောင်လေးရောက်လာခဲ့တယ်။ သူဟာ အချစ်ဆိုတဲ့ဘာသာရပ်ကို သင်ကြားပေးပြီး ကျနော့်ရဲ့တိတ်ဆိတ်နေတဲ့နှလုံးသားလေးကိုနိုးကြားအသက်ဝင်စေခဲ့တယ်..သူက ကျနော့်ရဲ့ဘဝ...သူပျော်နေတာမြင်ရတာ ကျနော်ရဲ့ပျော်ရွှင်ခြင်း သူသာလျှင်အဓိက--Kang TaeHyun

မိဘတွေနဲ့အဝေးမှာရောက်နေတဲ့ ကျနော့်အတွက် Hyun ကသာ ကျနော်ရဲ့တစ်ဦးတည်းသောတွယ်တာရာ။ဘာရည်ရွယ်ချက်နဲ့မှန်းမသိ‌ပေမဲ့ မရိုးသားဘူး အဲ့လူရဲ့ချဉ်းကပ်တဲ့ပုံက သိမ်မွေ့လွန်းတယ် ။ အစားထိုးမရတဲ့ တစ်ဦးတည်းသော soulmateလေးမို့.. မင်းကိုထိခိုက်နာကျင်စေမဲ့လူတိုင်းကို ငါက ရှေ့ကနေတားဆီးရှင်းထုတ်ပစ်မှာ ..မင်းအမြဲလိုက်ဂရုစိုက်ပေးနေရတဲ့ငါက ဒီတစ်ခါမှာတော့ မင်းကို ကာကွယ်ပေးသွားမဲ့သူပဲ--Huening Kai








ပထမဆုံးစရေးကြည့်တဲ့ TaeGyu fanfiction လေးပါ အရေးအသားကကျွမ်းကျင့်အဆင့်မဟုတ်ဘဲ မြတ်နိုးနှစ်သက်ရတဲ့ OTP လေးကို ပုံဖော်ချင်မိလို့ ရေးတဲ့အခါအမှားပါနိုင်တာလေးတွေလဲရှိပါတယ် စာလုံးပေါင်းအမှားလေးတွေရှိရင်လည်း နားလည်ပေးပါနော် ဝေဖန်ထောက်ပြချင်တာလေးတွေရှိရင်လဲ ပြောသွားပေးလို့ရပါတယ်🙇👉👈

Tale of A Heart // TaeGyuWhere stories live. Discover now