❥ Chapter.14

170 26 5
                                    

📳📲

Hyunie♡
Hi Gyu Hyung
စနေနေ့ကျ အားလား
Jun Hyungရဲ့ Cafe ဆိုင်ဘေးက ပန်းခြံကို လာခဲ့မလား
ညနေ 6 နာရီလောက်

Gyu Hyung( ◜‿◝ )
Omm ကိုယ်လာခဲ့မယ်လေ
စနေဆိုတော့ မနက်ဖြန်ပဲ
ကိုယ်စောင့်နေမယ်နော်
seen

ဟူး မနက်ဖြန်ဆို ရှောင်ပုန်းနေတဲ့ လွမ်း‌နေရသူလေးကို တွေ့ရတော့မယ်

ကယ် အခုတော့ အလုပ်တွေ မြန်မြန်လက်စသက်ပြီး ငယ်လေးဆီသွားရမယ်။ဒီရက်ပိုင်းမရောက်ဖြစ်တာနဲ့ ကောက်စိတ်လေးကို ချော့ရတော့မယ်ထင်ပါရဲ့။

-------------------

"Hello မင်းသားလေးရေ ကျွန်တော်မျိုး ရောက်ရှိလို့လာပါပြီဗျ"

"ကိုကိုက Innie ကို ပစ်ထားပြီးတော့ အခုမှ ရောက်လာတယ်နဲ့ ဟွန့် ..စိတ်ဆိုးနေတာနော်"
(မောင်လေးကို နာမည်ပေးလိုက်ပါပြီနော် Choi In Gyuလို့ ဘယ်လိုနေလဲ တူတဲ့သူရှိနိုင်ပေမဲ့ နာမည်ကိုအစုံ ပတ်စဉ်းစားပြီး ပေးထားတာလေးပါ Hee" )

"ဟောဗျာ ကိုကိုက မအားလို့ပါဗျာ ဒီရက်ပိုင်း အလုပ်တွေအရမ်းများနေလို့ပါဗျ ငယ်လေးက လိမ္မာတယ်မလား ခွင့်လွှတ်နော်"

"လိမ္မာပါဘူး ဆိုးရင် ပိုဂရုစိုက်ကြတယ်တဲ့ အဲ့တော့ Innie က လူဆိုးလေးပဲ လုပ်မှာ"

"‌ဒါဆို အဆိုးလေးပေါ့ ဘယ်ကစကားတွေတတ်လာတာလဲမသိ ကိုကိုက အလုပ်တွေ ကြိုးစားနေတာ ငယ်လေးအတွက်မလို့ ဟုတ်ပြီလား"

"ဟုတ် ဒါနဲ့ ကိုကို အလုပ်မှာ များကြီး ပင်ပန်းနေမှာပေါ့နော် Innie က ဆေးရုံမှာ ကိုကိုကမလာတော့တစ်ယောက်တည်းမလို့ ပျင်းနေလို့ စိတ်ကောက်ချင်ယောင်ဆောင်လိုက်တာပါနော်~~"

"ဟုတ်ပါပြီ ကိုကိုကလဲ နောက်ဆို မကြာမကြာလာမှာပါဗျ"

"ပြောတာပဲ ဒါမဲ့ အရင်တစ်နေ့က ကိုကြီး Bin နဲ့ ကိုကြီး Jun တို့လဲ လာသွားသေးတယ် Innie နဲ့ တူတူ ဆော့ပေးတယ် "

"အော်ဟော ဒီကတော့ ကိုကို မလာဖြစ်တဲ့ရက်တွေမှာ တစ်ယောက်တည်းဖြစ်နေမှာဆိုပြီး စိတ်ထဲမကောင်းဖြစ်နေတာကို "

Tale of A Heart // TaeGyuWhere stories live. Discover now