Taehyun နဲ့ ထိုကျောင်းသူသုံးယောက်ရှိရာ အနားနီးလာလေလေ သူတို့ပြောနေတာတွေကို ရှင်းလင်းစွာ ပိုကြားရလေလေပဲ။
G1:"Taehyun Oppa အရင်က ကျောင်းဝတ်စုံနဲ့ပါ ဒီနေ့ အပြင်ဝတ်လေးနဲ့ဆိုတော့ ပိုပြီးကြည့်ကောင်းနေတယ်နော်"
"အင်း ဒီနေ့ အပြင်သွားစရာလေးရှိလို့"
"ဟုတ်လား"
**အေး ငါနဲ့ ဒိတ်မှာလေ
G2:"Oppa ဒီမှာ အမောပြေသောက်ဖို့"
"ကျေးဇူးပါ ဒါမဲ့ နောက်ဆို ယူမလာရဘူးနော်"
*ဟင် နောက်လဲယူမလာခိုင်းနဲ့ အခုလဲ သူပေးတာလက်မခံရဘူးလေ
G3: "Taehyun Oppa ရဲ့ လက်ကလေးတွေက အရမ်းလှတာပဲနော် ညီမတို့ ထက်တောင်ပိုလှသေးတယ် ကိုင်ကြည့်ချင်လာပြီ"
*ဘာ!!! ငါ့ကောင်လေးလက်ကိုများ မှန်းရဲတယ်
BeomGyu လဲ အနားကို အမြန်သွားပြီး ထိုကျောင်းသူသုံးယောက်ဘေး ရပ်လိုက်ကာ TaeHyun ဘက်ကိုလှည့်ပြီး
"Baby~~ ကြာနေပြီလို့မထင်ဘူးလား" ထိုသို့ပြောလိုက်တော့ လေးယောက်သား ထိတ်လန့်အံ့ဩသွားတယ်။အနောက်ကပွဲကြည့်သူသုံးယောက်ကတော့ စိတ်ဝင်တစားဆက်လက်စောင့်ကြည့်နေကြတယ်။
"Hyun..Hyung " ဟာကွာ ဒီကလေးက တကယ် အလိုက်မသိတာပဲ။မဖြစ်တော့ဘူးဘဲ ပါးလေးကို နမ်းလိုက်ကာ "Baby ကကွာ ကိုကို့ ကို Hyung လို့ မခေါ်နဲ့လို့ ပြောထားတယ်လေ ခေါ်ရင် ဘာလုပ်မယ်လို့လဲ ကိုကို ပြောထားပြီးသားနော်" နှာတံလေးအား လက်နဲ့အသာညစ်လိုက်ကာ ပြောလိုက်တယ်။
"ကို..ကိုကို ?"
"အင်း နောက်ခါ Hyung လို့ခေါ်ရင် ပြောထားတဲ့အတိုင်း အတိအကျ လုပ်မှာနော်"
"ဟု..ဟုတ်ကဲ့"
"အင်း ကိုရဲ့ Babyက လိမ္မာတယ်" ပါးနှစ်ဖက်အား ဖွဖွလေး အုပ်ကိုင်ကာ ပြောလိုက်တော့ မျက်နှာလေးရဲတက်လာတဲ့ကောင်လေးရယ် မြင်လိုက်ရတာကို မယုံကြည်နိုင်စွာ အံ့ဩသွားကြတဲ့ ကျောင်းသူသုံးယောက်ရယ် အနောက်က ပွဲကြည့်တဲ့သုံးယောက်ဆီကလဲ
HK" OMG hyung..hyung တို့ !! အခု ကျတော်မြင်သလို မြင်လိုက်တယ်မလား
SB,YJ" အေး"
YOU ARE READING
Tale of A Heart // TaeGyu
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡
