"Gyu.."
"ဗျာ.."
"ဟိုလေ မေးစရာရှိလို့"
"မေးလေ "
"Gyu က Innie အတွက် လိုအပ်တဲ့ နှလုံးခွဲစိတ်မှုအတွက် ကျနော့်ကို ချဉ်းကပ်ခဲ့တာတဲ့ အဲ့တာ လိမ်နေတာမလား တကယ်မဟုတ်ဘူးမလား"
ရုတ်တရက်မေးလာတဲ့ စကားကြောင့် ကျနော်ဘယ်လိုပြန်ဖြေရမလဲ မသိတော့ဘူး။ ကားကို ဘေးခဏချရပ်လိုက်ကာ
"ကလေး ကိုယ်ပြောပြမယ် အဲ့...အဲ့တာကလေ.."
"ဘာလဲ မှန်နေတာလား တကယ်ကြီးလား"
"မ..မဟုတ် ကိုယ်ရှင်းပြမယ်"
"ခဏလေး တကယ်ဆို အဖြေက မဟုတ်ပါဘူးတို့ ဘယ်သူကလျှောက်ပြောနေတာလဲတို့ အဲ့လိုဖြစ်ရမှာမဟုတ်ဘူး"
"....."
"ဖြေလေ! အဲ့တာက အမှန်မဟုတ်ပါဘူးလို့ ပြောလေ!!!"
"အမှန်အတိုင်း ပြောရရင် အစက ဟုတ်တယ် ကိုယ်အဲ့တာကြောင့် ချဉ်းကပ်ခဲ့မိတယ် ဒါမဲ့-....."
"ဒါဆို အဲ့တာကအမှန်ပေါ့ ကျနော့်ကိုချစ်တယ်ဆိုတာကကော လိမ်တာပဲလား လိုချင်တာရဖို့ ကျနော့်ခံစားချက်တွေကို အသုံးချခဲ့တာပဲလား ကျနော်က Hyungကို တကယ်ချစ်ခဲ့တာပါ Hyuka ပြောတာတွေ နားထောင်ခဲ့ရမှာ အစထဲက မပတ်သတ်ခဲ့ရမှာ"
"Hyun..."
"ကျနော်ရဲ့ အနာဂတ်က ခင်ဗျားလို့ကို သတ်မှတ်ထားသည်အထိ ကျနော်ရူးခဲ့တာပဲ။ တစ်ယောက်တည်းဖြစ်တဲ့ ကျနော့်ဘဝမှာ ခင်ဗျားကိုသာ ကျနော့်ရဲ့အရာရာလို့ကို သတ်မှတ်ထားတာ။အားလုံးက ကျနော့်အမှားပဲ။ ခင်ဗျားနဲ့ တွေ့ခဲ့မိတာလည်း အမှား ခင်ဗျားကို ချစ်ခဲ့မိတာလည်း အမှား ဒီလိုမလုပ်လောက်ပါဘူးလို့ ယုံကြည်ခဲ့မိတာလဲ အမှား အားလုံးကကျနော့်အမှားပဲ နောက်ထပ် ထပ်ပြီးမမှားချင်တော့တာမလို့ ရပ်လိုက်ကြရအောင် ရှေ့ဆက် မပတ်သတ်ဘဲနေရအောင်" ပြောလဲပြော မျက်ရည်တွေ ကျလာတဲ့ ကလေးကို ကြည့်ပြီး ရင်တွေ နာလိုက်တာ။
"ခဏလေး ကိုယ်ရှင်းပြတာ နားထောင်ပေးပါ"
"မကြားချင်ဘူး!! ဘာမှ ထပ်မပြောတော့နဲ့ လမ်းခွဲကြရအောင်" ပြောပြီးကားပေါ်က ဆင်းသွားတဲ့ ကိုယ်ငယ်လေးကို အမြန်ပြေးဆင်းပြီး နောက်ကနေသိုင်းဖက်ထားလိုက်တယ်။ တုန်ရီနေတဲ့ ခန္ဓာကိုယ်လေး သူငိုနေတယ်ဆိုတာ မပြောဘဲ သိနိုင်ပါတယ်။ အရမ်းဝမ်းနည်းနာကျင်နေမှာ။
YOU ARE READING
Tale of A Heart // TaeGyu
Фанфикшн🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡
