❥ Chapter.31

174 30 15
                                        

"သီချင်းလေးလည်းထည့်ပေးထားပါတယ်လို့ ဖတ်ရင်းနားထောင်လို့ရမလားပဲ wp version နဲ့လဲ ဆိုင်သွားမလားဘဲ😅🤭

" ကိုကို သတိရလာပြီလားကိုကိုနိုးလာတဲ့အချိန် အနားမှာ ရှိနေပေးချင်ပေမဲ့ မဖြစ်နိုင်တော့ဘူးပဲ။ကိုကို့ရဲ့ အချစ်တွေကို ယုံကြည်ခဲ့သင့်တာ စိတ်လိုက်မာန်ပါမလုပ်ခဲ့သင့်တာ ကျနော့်ရဲ့အမှားတွေပါတောင်းပန်ပါတယ် ဒီတစ်ခေါက် ကိုကိုက ပြန်ပြီး ခွှင့်လွှတ်ပေးပါနော်ကိုကိ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" ကိုကို သတိရလာပြီလား
ကိုကိုနိုးလာတဲ့အချိန် အနားမှာ ရှိနေပေးချင်ပေမဲ့ မဖြစ်နိုင်တော့ဘူးပဲ။
ကိုကို့ရဲ့ အချစ်တွေကို ယုံကြည်ခဲ့သင့်တာ စိတ်လိုက်မာန်ပါမလုပ်ခဲ့သင့်တာ
ကျနော့်ရဲ့အမှားတွေပါ
တောင်းပန်ပါတယ် ဒီတစ်ခေါက် ကိုကိုက ပြန်ပြီး ခွှင့်လွှတ်ပေးပါနော်
ကိုကို့အနားမှာ မရှိနိုင်တော့ပေမဲ့ ကျနော့်ရဲ့ နှလုံးသားလေးကိုတော့ ကိုကိုနဲ့ အနီးဆုံးမှာ ထားခဲ့တယ် Innie လေးကိုလဲ ဂရုစိုက်ပေးရမယ်နော်
ကျနော့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ အနာဂတ်မှာ ကျနော်မရှိတော့ရင်တောင် ပျော်ပျော်ရွှင်ရွှင်နေသွားရမယ်နော် ခက်ခဲမယ်မှန်းသိပေမဲ့ ကြိုးစားပြီး အကောင်းဆုံးရှင်သန်သွားပေးပါ
ကိုကိုပျော်နေရင် ကျနော်လဲပျော်ပါတယ်။
ကိုကိုဝမ်းနည်းနေမှာကို တွေးကြည့်ရင် ကျနော်က ဘယ်ပျော်နိုင်တော့မလဲ ဒါကြောင့် ပျော်အောင်နေရမယ်နော်
အရှက်မရှိ တောင်းဆိုရမယ်ဆိုရင် နောက်ဘဝသာရှိပြီး ပြန်ဆုံဖြစ်ခဲ့ကြရင် ကိုကို့ရဲ့ ချစ်သူထပ်ဖြစ်ခွင့်ရချင်မိတယ်။ ကျနော်က အတိုးချပြီး အများကြီး ပိုချစ်ပေးမယ်‌လေနော် အဲ့အချိန်ကျရင် ဘယ်တော့မှလည်းထားမသွားတော့ပါဘူးလို့ ကတိပေးပါတယ်
Innie လေးကိုလဲ ကျနော်ပေးခဲ့တဲ့လက်ဆောင်လေးနဲ့ ကောင်းကောင်းရှင်သန်ဖို့ တော်ပြီးထက်မြက်တဲ့ လူလိမ္မာလေး ဖြစ်အောင်နေရမယ်လို့ TaeTae ကမှာသွားတယ်ဆိုပြီး ပြောပေးပါဦးနော်
ဒီဘဝအတွက်တော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ် ချစ်တယ် ကိုကို....

Tale of A Heart // TaeGyuWhere stories live. Discover now