ဆေးရုံရောက်တော့ ကားပေါ်က အမြန်ပြေးဆင်းသွားတဲ့ Hueningနောက်ကို ကျန်တဲ့ နှစ်ယောက်လဲ အမြန်ပြေးလိုက်သွားတယ်။ ကောင်တာမှာ BeomGyu အခန်းနံပါတ်မေးပြီး အဲ့ကိုလည်းရောက်ကော ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့ မျက်နှာမှာလဲ ဒဏ်ရာအနည်းငယ်နဲ့ .....
*Tyun ကကော Tyun ကဘယ်မှာလဲ YeonJun တို့ BeomGyu အခန်းကိုရောက်တော့ ဆေးရုံကုတင်ပေါ်က BeomGyuကိုပင် သေချာမကြည့်ရသေး ပြေးထွက်သွားပြန်တဲ့ Huening နောက်ကို လိုက်ရပြန်ရော
"Dr. Taehyun ဘယ်မှာလဲ TaeHyun ဘယ်မှာလဲလို့!!!"
ထိုစဉ် မျက်စိရှေ့ကို ဖြတ်ကနဲ့ တွေ့လိုက်ရတဲ့ ပုံရိပ်လေး Tyun ပဲ ဘယ်ခေါ်သွားကြမလို့လဲ
"ဟေ့ ဟေ့ အဲ့ကို ဝင်လို့မရဘူး"
"ဘာကိုဝင်လို့မရရမှာလဲ ကျနော့်သူငယ်ချင်းနဲ့ တွေ့ဖို့လိုတယ် ဖယ်ပေး"
"မရဘူး အခုက နှလုံးအစားထိုး ခွဲစိတ်မှုလုပ်မှာ"
"ဘယ်သူ့သဘောနဲ့လဲ ခွင့်မပြုဘူး ခွင့်မပြုဘူးလို့!!! ကျနော့်သူငယ်ချင်းကို ပြန်ခေါ်ပေး!!!"
"မရလို့ပါ ကာယကံရှင်ရဲ့ ဆန္ဒမလို့ တားပိုင်ခွင့်မရှိပါဘူး"
"မလုပ်ရဘူး ဖယ်ပေး!! ရအောင်တားမှာ Tyun!! "
"တောင်းပန်ပါတယ် ဒါကဆေးရုံမလို့ ကျေးဇူးပြုပြီး အပြုအမူဆင်ခြင်ပေးစေချင်ပါတယ်"
"မသိဘူး အဲ့တာတွေ စိတ်မဝင်စားဘူး အဲ့ operation ကို လုပ်ခွင့်မပြုဘူးလို့!! ဖယ်နော် "
"မရလို့ပါ "
YeonJunနဲ့ SooBin လဲ Huening ရှိရာရောက်လာတော့ အခန်းတစ်ခန်းရှေ့မှာ ဆရာဝန်နှစ်ယောက်နဲ့ စကားများနေတာကို တွေ့လိုက်တယ်။ Huening က အခန်းထဲ ဝင်ချင်နေပုံရပြီး ဆရာဝန်နှစ်ယောက်က တားနေပုံပဲ။ ။
"Huening!!"
"Hyung~~ သူတို့က Tyun နဲ့ တွေ့ခွင့်မပေးဘူးတဲ့ ကျ-ကျနော့်ကိုလေ Tyun ဆီ မသွားရဘူးတဲ့ သူတို့က အတင်းတွေ တားနေတာ ပြောပေးပါဦး "
ကျနော်တို့ကိုလဲ မြင်ရော ကလေးတစ်ယောက်လို ငိုပြီး တိုင်ပြောနေတဲ့ Huening ကိုကြည့်ပြီး ဘာလုပ်ပေးရမှန်းမသိ။
YOU ARE READING
Tale of A Heart // TaeGyu
Fiksi Penggemar🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡
