❥ Chapter.16

198 32 19
                                        

BeomGyu လဲ ကျောင်းကနေထွက်လာပြီး လိုအပ်မဲ့ဆေးဝါး စားကောင်းပြီး အားရှိစေမဲ့ အစားအစာတွေ ကြိုက်လောက်မဲ့အစားအစာတွေရယ်ဝယ်လာပြီး TaeHyun ရှိတာ ထွက်လာလိုက်တယ်။

"တင်းတောင် တင်းတောင်!!!!!

ဟင်; Hyuka ပြန်လာတာလား နေ့လည်အတန်းရှိသေးတယ်မဟုတ်ဘူးလား

"Hyuka ငါသက်သာပါတယ်ဆို စာလဲပို့ထားရယ်စမ်းနဲ့ ပြန်လာဖို့မလိုပါ-ဟင်-Gyu--"

တံခါးဖွင့်ပြီး လူကိုမေ့မကြည့်ဘဲ စကားတွေပြောနေတဲ့ အကောင်ပေါက်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်မှ အလန့်တကြားမော့ကြည့်လာတော့တယ်။နဖူးကို စမ်းကြည့်လိုက်တော့ အပူငွေ့အနည်းငယ်တော့ ကျန်နေသေးတာပဲ။

"မနေ့က မိုးမိသွားတာကြောင့် ဖျားသွားတယ်ဆို ကိုယ်က စိတ်ပူနေတာ"

"Gyu-gyu Hyung က ဘယ်လိုသိတာလဲ"

"ကိုယ့်ရဲ့နှလုံးသားလေးက ပြောပြနေတာ သူ့ရဲ့ပိုင်ရှင်လေး နေမကောင်းဘူးတဲ့လေ"

"Hyung တော့ စကားတော်တော်တတ်နေ"

"ဒါကတော့ ချစ်တာကိုး"

ဟာဗျာ' ဆိုပြီး နားရွက်လေးတွေနီလာကာ ရှက်နေပုံရတဲ့ ကောင်လေးကတော့ ရင်ခွင်ထဲ မျက်နှာအပ်ပြီး ပုန်းနေပါသတဲ့။အသဲယားလိုက်တာ။အနာဂတ်ကိုတွေးကြည့်ရင် နေ့ရက်တိုင်း ဒီကောင်လေးနဲ့ ကုန်ဆုံးရမဲ့နေ့ရက်တွေက သိပ်ကိုလှပနေမှာပဲ။

"ဟုတ်သားပဲ Hyun ငယ်"

"ဟင်"

"နေ့လည်အတွက် ဘာမှမစားရသေးဘူးမလား"

"အင်း အစောကတင် ဘာမှာစားရမလဲတွေးနေတာ"

"နေမကောင်းပေမဲ့ အစားတလိုင်းလေးပဲ"

"အဲ့လို မဟုတ်ပါဘူး နေ့လည်စာစားချိန်ရောက်နေပြီမလို့ပါ"

"အင်းပါ ဒီမှာ ဆန်ပြုတ်ပူပူလေးရယ် နံရိုးပေါင်းခေါက်ဆွဲရယ် ကြက်ကြော်ရယ် ဆေးတွေရယ် ဝယ်လာခဲ့တယ်"

"ဝါးး စားကောင်းမှာပဲ ခဏစောင့်နော် ထည့်စရာ သွားယူလိုက်မယ်"

ထို့နောက် စားစရာတွေ ထည့်ပြီး စားဖို့ပြင်ဆင်လိုက်တယ်။

"Hyung ကော စားပြီပြီလား"

Tale of A Heart // TaeGyuWhere stories live. Discover now