BeomGyu Pov;
Taehyunဆိုတဲ့ ကောင်လေး အင်းး သူ့ကိုသိလာလေလေ သူအကြောင်းတွေပိုတွေးမိလာလေလေပဲ။
သူ့ရဲ့တစ်နေ့တာမှာ ကျနော်မပါလဲ ပုံမှန်အတိုင်း လည်ပတ်နေမှာ မှန်ပေမဲ့ ကျနော့်အတွက်တော့ တစ်နေ့တာဟာ သူမပါရင် မပြည့်စုံတော့သလိုပဲ။
အခုဆို ပုံမှန်အလေ့အကျင့်လိုကိုဖြစ်လို့။
အရင်က တာဝန်အရ လိုက်စောင့်ကြည့်ခဲ့တယ်။
အခုတော့ မတွေ့ရရင်ကို တစ်ခုခု လိုအပ်နေသလိုမျိုး။
တစ်နေ့ထက်တစ်နေ့ ပိုပိုတိုးပြီး တွေ့ချင်မိတယ်။ပိုပြီးရင်းနှီး အနားနီးကပ်နေချင်မိတယ်။
တစ်နေ့က သူငယ်ချင်းဆိုသူနဲ့ ပြုံးရယ်ပျော်ရွှင်နေတဲ့ ပုံရိပ်တွေ မြင်ရတာ စိတ်ထဲ မတင်မကျနဲ့။
မကျေနပ်သလိုပဲ..သူ့အပြုံးတွေ ဖြစ်တည်လာတာ ကျနော့်ကြောင့်မဟုတ်လို့ သူရဲ့အနားမှာရှိတာ ကျနော်မဟုတ်လို့...
တစ်နေ့ကျရင် သွားတန်းစီစီလေးတွေနဲ့ပါးပေါ်က အချိုင့်လေးပေါ်ထွက်လာသည်အထိ ပြုံးပြီး ချိုသာတဲ့တေးသံအလား ရယ်မောသံလေးတွေကို ကျနော်ကြောင့် ဖြစ်တည်လာစေချင်တယ်။
မှော်ဆန်စွာ ကျနော့်ရဲ့ နှလုံးသားက သူ့အပေါ်တိမ်းညွှတ်လာတယ်။သို့သော်လည်းဖြစ်မှမဖြစ်နိုင်ဘဲ..။ ။
ဒီနေ့ဆို ကျနော်သူ့ကို ရှောင်နေတာ လိုက်ပြီး မစောင့်ကြည့်ဖြစ်တာ ဆယ်ရက်နီးပါးရှိရောပေါ့။ တစ်ခါတစ်လေများ နာရီသံတစ်ချက်မြည်တိုင်း သူရှ်ိရာ အပြေးသွားကြည့်ချင်နေတဲ့စိတ်ကို ထိန်းချုပ်ထားရတာ ပင်ပန်းလွန်းတယ်။ အခန်းထဲမှာ လှည့်ပတ်လျှောက်ရင်း စိတ်ငြိမ်အောင် ကြိုးစားနေရတယ်။
တစ်ခါမှ အလုပ်ကို မပျက်ကွက်ဘူး အလုပ်ပဲ အရေးကြီးရု အလုပ်ပဲသိတဲ့ ကျနော်က အလုပ်ကို စိတ်မဝင်စားနိုင်သေး။ အာရုံစိုက်လို့လဲမရ အလုပ်လဲ မသွားနိုင်သေး။ lane နဲ့ပဲ အလုပ်တွေ အကုန်လွှဲထားရတယ်။ အားလုံးက ထူးဆန်းတယ်ထင်နေလျော့မယ်။ အိမ်မက်ဆန်တဲ့ အချစ်လိုမျိုး သူက ကျနော့်ကို တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေတယ်။ ဖြူစင်တဲ့ အပြုံးလေးတွေ အပြစ်ကင်းတဲ့ မျက်နှာလေးကို မြင်လိုက်တိုင်း ကျနော့်ရဲ့ ဦးတည်ချက်လားရာတွေ ပျောက်သွားရစမြဲပဲ။
YOU ARE READING
Tale of A Heart // TaeGyu
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡
