"အမောင် BeomGyu ဘယ်လိုဖြစ် အခုရက်ပိုင်း ငါ့ကျောင်းကို ခဏခဏလာတယ်နော် TaeHyun ကို လာချောင်းနေတာလား"
"အင်း"
"ဟားးဟားး မင်းအဖြစ်ကလဲလေ"
"သူကရှောင်နေတာလေ စကားလည်းမပြော စာမလာ seen မပြနဲ့ "
"TaeHyun ကြည့်ရတာ မင်းအပေါ် စိတ်ဝင်စားတဲ့ပုံပါပဲ ဗြုန်းစားကြီးဆိုတော့ သူလဲ အချိန်လိုမှာပေါ့ "
"အင်းနော် မင်း ပြောတာလဲ ဖြစ်နိုင်တာပဲ စိတ်ချနော် ငါနဲ့ Hyun နဲ့ ချစ်သူတွေဖြစ်သွားရင် မင်းအတွက်လဲ ရှာပေးမယ်နော်"
'ဖယ်စမ်းပါ ငါက မင်းရဲ့hyung နော် အကြီးကို မလေးမစားနဲ့ "
Soobin ရဲ့ မေးစေ့ကို လှမ်းဆွဲရင်း ပြောလိုက်တာမို့ BeomGyu ရဲ့ လက်ကို ပုတ်ထုတ်ရင်း ပြောလိုက်တာပင်။
"စောင့်နေပေတော့ ကဲ ငါတော့ သွား တော့မယ် မင်းလဲ ပြန်ဦး အလုပ်ကိုပစ်ထားပြီး ကျောင်းထဲပဲ ချောင်းပေါက်မတတ်လာနေတော့တာပဲ"
"အေးပါ ပြန်ပါပြီ"
BeomGyu လဲ TaeHyunရဲ့ စာသင်ခန်းရှိရာကို လှမ်းငေးကြည့်လိုက်ပြီး
မျှော်တော်ယောင် ဘဝက မြန်မြန်ကျွတ်ချင်လှပါပြီ Hyun ငယ်ရေ....။
.....
TaeHyun POV;
YeonJun Hyung ဆီက ပြန်လာကတည်းက အချိန်တိုင်း သူ့အကြောင်းပဲတွေးမိနေတယ်။
တစ်ခါတစ်လေလွမ်းတယ် ခံစားချက်ရှိတာကိုသိသည် တွေ့တိုင်းရင်ခုန်မိတာကိုလည်း သိသည် တစ်ဖက်မှာလဲ ကြောက်မိတယ် တွေးကြည့်ရင် အခြေအနေကကွာလွန်းလှသည်။ ပထမဆုံးရင်ခုန်ဖူးသည်မို့ နာကျင်ရမှာကိုလည်း တွေးကြောက်မိသည်။ ဒါမဲ့ သူ့ကိုလည်း ယုံကြည်မိပြန်သေးသည်။ ဝေခွဲရခက်စွာနဲ့ ရှောင်နေခဲ့သည်မှာ တစ်ပတ်လောက်ရှိရော့မည်။
စာပို့သည်ကို မြင်သည် မကြည့်ဖြစ်ခဲ့
ဖုန်းခေါ်တာတွေကိုလည်း ကိုင်ချင်ခဲ့မိသည် သို့သော်လည်း ထိန်းချုပ်ပြီး သေချာပြန်စဉ်းစားရဦးမယ်လေ။
ကျောင်းကိုခဏတိုင်းလာနေတာလဲ သိသည်။ မျက်နှာလေးမြင်လိုက်ရရင် ရင်ခုန်မိတယ်။ကြည့်နေတာ တွေ့သွားမည်စိုး၍ ပုန်းခဲ့ရဘူးသည်။ အမျိုးစုံကြိုးခုန်ကာ သေချာသည်ကတော့ တစ်ပတ်လုံး လွမ်းနေခဲ့ရသည်။သူလဲ ကျနော့်ကို လွမ်းနေမည်လားဟု တွေးကြည့်တော့ ကြည်နူးရသလို စိတ်မကောင်းဖြစ်မိပြန်သည်။
ဒီနေ့လဲ သူကျောင်းကို ရောက်လာပြန်သည်။ ကျနော်ရှိရာ စာသင်ခန်းဆီ ငေးကြည့်ရင်း ခေါင်းငိုက်စိုက်နဲ့ ပြန်သွားသည်ကို မြင်ရတော့ စိတ်ထဲမကောင်း။ ကျနော်က သူ့ကို ပျော်နေတာပဲ မြင်ချင်မိတာ။ပျော်အောင်လဲ ဖန်တီးပေးချင်ခဲ့တာလေ..။အင်း။ ။ကျနော်ရှာနေတဲ့ အဖြေရပြီလို့ ထင်တယ်။
.......
ကျောင်းကအပြန် အလုပ်ကိုပဲ သွားခဲ့လိုက်သည်။ ထိုစဉ် တုန်ခါလာတဲ့ ဖုန်းကြောင့် ထုတ်ကြည့်မိတော့
📳📲
Oh my!!! TaeHyun ဆီကပဲ တကယ်မထင်ထားမိဘူး
Hyunie♡
Gyu Hyung ကျနော်တို့ တွေ့ကြရအောင်
Gyu Hyung( ◜‿◝ )
ရတာပေါ့ ဘယ်ချိန်လောက်လဲ ဘယ်မှာတွေ့ကြမလဲ Hyung လာခေါ်ပေးရမလား (>▽<)ノ
Hyunie♡
အဲ့တာက ကျောင်းပိတ်ရက်လောက်ဆိုတော့ သဘက်ခါလောက်ပေါ့ အချိန်က နောက်မှ ကျနော်ပြန်ပြောမယ်လေ
အားတယ်မလား
Gyu Hyung( ◜‿◝ )
Omm အားတာပေါ့ ဒါဆို ကိုယ်မျှော်နေမယ်နော် ෆ
Seen
သဘက်ခါအတွက် စိတ်လှုပ်ရှားနေမိပြီ
Hyunဆီက အဖြေပြန်ရတော့မယ်ထင်တယ် ဒီလိုဆိုတော့လဲ စောင့်ရတာ ဘာမှမဟုတ်သလိုပါပဲ.. ကိုယ်လိုအပ်တဲ့ အဖြေလေးသာ ဖြစ်လိုက်ပါတော့
📳📲
Gyu Hyung( ◜‿◝ )
ကောင်းသောညလေးဖြစ်ပါစေ Hyun မနက်ဖြန်အတွက်လဲ ကြိုးစားထား
သဘက်ခါကျ တွေ့ကြမယ်နော်
Good night ♡
ဒီ hyung ကတော့လေ အသဲပုံ emoji တွေနဲ့ မရိုးအောင် ပြုစားလွန်းနေပြန်ပြီ
Hyunie♡
ဟုတ် Hyung ကောပဲ
Good night par 💌
Arrrh Good Night ပါတဲ့ စာပြန်တယ် ကိုယ်ကတော့ Hyun လေးကြောင့် အိပ်မက်လေးတွေပါ လှနေတော့မှာလေ....Sweet dream ပါ မဆိုင်ရသေးတဲ့ ကိုယ်ရဲ့ချစ်သူလေး**
ဒီအပိုင်းက နည်းနည်းတိုသွားတယ် double updateမဟုတ်ပေမဲ့ 1+1 လိုလေး အပိုင်းတိုလေး ထပ် upပေးလိုက်တယ်နော်🙈
YOU ARE READING
Tale of A Heart // TaeGyu
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡
