နောက်ဆုံးအတန်းချိန်အပြီး ပစ္စည်းတွေသိမ်းလိုက်ကာ အချိန်ပိုထပ်တက်ရန်ရှိသေးတဲ့ Hyuka ကို အရင်ပြန်နှင့်လိုက်မည်ဟု နှုတ်ဆက်ပြီးသည်နဲ့ အခန်းပြင်သိူ့ထွက်လာလိုက်တယ်။
အပြင်လဲ ရောက်ရော ဂိတ်ပေါက်ဝနားမှာ လူတွေစုဝေးဆူညံနေတာကို တွေ့လိုက်ရတယ်။ အများစုကတော့ မိန်းကလေးတွေပဲပေါ့ ဘယ်သူလာလို့ရယ်မသိ။
ကျနော်လဲ ထိုအသံတွေကို လျစ်လျူရှုပြီး စူးစမ်းမနေဘဲ အိမ်ပြန်ခြင်း အလုပ်ကိုစတင်လိုက်တော့တယ်။ဂိတ်ပေါက်ဆီအရောက် ကားအနက်တစ်စီး ဈေးကြီးပြီး နာမည်ကြီးမော်ဒယ်ထဲက ဖြစ်ဟန်တူတယ်။ဒါကြောင့်လဲ လူတွေ ဝိုင်းအုံငေးနေကြတာကိုးး။
တစ်ချက်မျှငေးကြည့်ရင်း ဆက်သွားမည်အလုပ် ကားပေါ်ကဆင်းလာသောသူ ထိုသူလည်းဆင်းလာရော အစောကအသံတွေက ပိုကျယ်လာကြတယ် ထိုသူကား တခြားသူ မဟုတ် BeomGyu Hyung???
ဒီကိုဘာလာလုပ်တာပါလိမ့် ငါနဲ့မဆိုင်ပါဘူးလေ တွေးနေတုန်း ကျနော်ရှိရာဘက်ကို လျှောက်လှမ်းလာတဲ့သူ..
ဘာလား ငါ့ဆီလာနေတာလား မဖြစ်နိုင်တာ ရူးကြောင်ကြောင်အတွေးတွေ ခေါင်းထဲကထုတ်လိုက်စမ်း Kang TaeHyun အိမ်ပြန်ဖို့ပဲလုပ်ကြတာပေါ့
" TaeHyun-ah အတန်းဆင်းပြီလား" နာမည်ခေါ်ကာ အပြေးရောက်ချလာသော Gyu Hyung
"ဟုတ် ဆင်းပြီး Hyung ဒါနဲ့ ဘယ်ကဘယ်လို.."
"Hyun ကိုစောင့်နေတာ အော် ဒါနဲ့ Hyun လို့ခေါ်မယ်နော် ပိုပြီး ခေါ်ရတာ ရင်းရင်းနှီးနှီးဖြစ်သွားတာပေါ့"
Hyung ရဲ့ စကားအဆုံး အားလုံးရဲ့ အာရုံတွေက ကျနော့်ဆီ ရောက်လာကြတယ်။ မနာလိုတဲ့အကြည့် ၊အားကျတဲ့အကြည့်၊ စူးစမ်းစပ်စုလိုတဲ့အကြည့်တွေနဲ့..ထားပါဂရုစိုက်နေစရာလား
"ဟုတ် ရပါတယ် ဒါမဲ့ ဘာလို့စောင့်နေတာလဲ"
"Hyun မွေးနေ့တုန်းက ကိုယ်မသိလိုက်လို့ ဘာမှမလုပ်ပေးခဲ့ရဘူးလေ အဲ့တာ အစားပြန်လုပ်ပေးချင်လို့"
"အာ နေပါစေ မလိုပါဘူးဆိုတာကို"
"လာပါ ဒီနေ့ အလုပ်လဲ ပိတ်ရက်ရတယ်မလား "
YOU ARE READING
Tale of A Heart // TaeGyu
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡
