"ဘာလဲ ဒီသတင်းတွေက ဘာတွေလဲ အဲ့နေရာမှာ ငါဖြစ်နေရမှာလေ...
မဖြစ်ရဘူး Beom က ငါ့အပိုင် ငါမှမရရင် ဘယ်သူ့ကိုမှလဲ မပေးနိုင်ဘူး...."မမလေး! မမလေး!!!"
"အော် အေး လာပြီလား "
"ဟုတ် မမလေး စုံစမ်းခိုင်းထားတဲ့သူနာမည်က Kang TaeHyun ပါ သူငယ်ချင်းဖြစ်သူနဲ့ အတူနေနေပါတယ်။ ကောင်လေးက မိဘမဲ့ပါ ပြီးတော့ cafe ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေပြီး စီးပွားရေးမေဂျာ နောက်ဆုံးနှစ်တက်နေပါတယ်"
"အင်း ဒါပဲလား"
"တက်နေတဲ့ ကျောင်းနဲ့ အလုပ်လုပ်နေတဲ့ cafe ဆိုင်ကလဲ Choi မိသားစုရဲ့ လုပ်ငန်းတွေပါပဲ "
"ဆိုလိုတာက ?"
"ကောင်လေးက Choi Soobin ,Choi YeonJun တို့နဲ့လဲရင်းနှီးပြီး အခုထွက်နေတဲ့သတင်းတွေအတိုင်းဆို Choi BeomGyu ရဲ့ ချစ်...."
"တော်ပြီ မပြောနဲ့ ငါသိပြီးပြီ ထပ်ပြီး ထူးတာကော မရှိတော့ဘူးလား"
"ကျနော်တို့လိုပဲ သူ့နောက်လိုက်နေတဲ့သူရှိပါတယ် အဝေးကနေ စောင့်ကြည့်ပေးနေတဲ့သူပါ"
"အင်း Beom ရဲ့လူဖြစ်မယ်ထင်တယ်"
"သူ့ကို ငါ့ဆီခေါ်လာပေး"
"ဖြစ်..ဖြစ်ပါ့မလား"
"မသိချင်ဘူး ငါပြောတဲ့ အတိုင်း ဖြစ်တာပဲလိုချင်တယ် ခေါ်လာခဲ့"
"ဟုတ်ကဲ့ပါမမလေး"
ဘာလို့လဲ Dee ကို ဘာလို့ မမြင်နိုင်ရတာလဲ Beom နဲ့ နီးစပ်နိုင်အောင် အချိန်တွေအကြာကြီးပေးဆပ်ထားရတာကို ဘာမဟုတ်တဲ့ ကောင်လေးတစ်ယောက်ကြောင့်တော့ လက်လွှတ်မပေးနိုင်ဘူး...
----------------------------
"သားကြီးရေ မေမေ့ကို ပြောစရာမရှိဘူးလား"
"ဘာကိုလဲ မေမေ"
"အော် သိပြီး သားအခုမှသတိရတယ် နေရာတော်တော်များများကနေ ငယ်လေးအတွက် ကိုက်ညီမဲ့ အလှူရှင်လိုက်ရှာနေတာ မကြာခင် သတင်းကောင်းကြားရတော့မယ် ထင်တယ်.."
"တကယ်လား ဒါက ဝမ်းသာစရာသတင်းပဲ ဒါမဲ့ မေမေကြားချင်တာက တခြားတစ်ခု"
![](https://img.wattpad.com/cover/284784936-288-k183612.jpg)
YOU ARE READING
Tale of A Heart // TaeGyu
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡