📳"Hyuka ငါအလုပ်သွားမှာ ဈေးဝယ်ထွက်တာမဟုတ်ဘူးဟ"
"~~~"
"ဟာ မရဘူးကွာ မင်းမှာတာတွေကအများကြီးရယ်"
"~~~"
"မသိဘူး အပြန်ကျ မှတ်မိသလောက်ဝယ်ခဲ့မယ် မမှတ်မိရင် မရဘူးမှတ်"
"~~~"
"ကိုယ့်ဘာသာကိုယ်ဝယ်မလား ငါဝယ်လာပေးတာလိုချင်လား"
"~~~"
"အေးအဲ့တာဆို ချေးမများနဲ့ မှတ်မိသလောက်ဝယ်ခဲ့မယ်ဆိုတော်ရောပေါ့"
"~~~"
"အေးပြီးရော အဲ့လိုသိတတ် အာ့.."
'ဘယ်လိုလူတွေလဲ လမ်းမပေါ်တက်ပြီးဇာတ်လမ်းရိုက်မနေနဲ့ သေကုန်တော့မယ်'ဟု ဘေးကဖြတ်မောင်းသွားတဲ့ကားဆီကအသံကြားမှ အသိကပ်တော့တယ် ဖြစ်ပျက်သွားသမျှ မြန်ဆန်လွန်းလို့ အသိကပ်တော့ လူတစ်ယောက်ရဲ့ရင်ခွင်ထဲဝယ် ကားနဲ့ မတိုက်မိအောင် လှမ်းဆွဲပေးထားတဲ့လူကိုကျေးဇူးတင်စကားပြောဖို့ မော့ကြည့်လိုက်တော့
"ဟင် ဟိုတစ်နေ့က အစ်ကိုကြီးပါလား"
"ဟူး တော်သေးတာပေါ့ တိုက်မိဖို့ ကပ်သီးလေးပဲလိုတော့တာ"
"ဟုတ် ကူညီပေးလို့ နောက်တစ်ခါထပ်ပြီးကျေးဇူးတင်ပါတယ်"
"BeomGyu "
"ဟင်.."
"အော် ကိုယ့်နာမည်က Choi BeomGyu ပါ
ခေါ်ရခက်နေမဆိုးလို့ ပြီးတော့ ကိုယ်ကပိုကြီးမယ်ထင်တယ် Hyung လို့ခေါ်လဲရတယ် တရင်းတနှီးဖြစ်တာပေါ့""အာ ဟုတ်ကဲ့ ကျနော်က TaeHyunပါ KangTaeHyun ဒီတစ်ခါလဲ ကူညီပေးလို့ ကျေးဇူးပါ မဟုတ်ရင် အခုချိန်ဆို ဆေးရုံလောက်ကတော့ အသေအချာပဲ"
"သတိထားပါ ကားမောင်းရင်း ဖုန်းမပြောရဘူးတဲ့ အခုကတော့ ဖုန်းပြောရင်း လမ်းမကူးရဘူးဆိုတာလေးပါ ထပ်တိုးလိုက်နာသင့်ပြီ"
"မလိုပါဘူးဗျ ဖုန်းပြောရင်းလဲလမ်းကူးလို့ရပါတယ်"
"ဘာလဲ အစောနကလို ဖြစ်ချင်လို့လား"
"မဟုတ်ပါဘူး အစောက သေချာကြည့်မကူးလိုက်မိလို့ပါ "
"နောက်ဆို ဖြစ်နိုင်ရင် ဖုန်းပြောရင်း လမ်းမကူးနဲ့ ကိုယ်သာရှိမနေရင် ဘယ်လိုလုပ်မလဲ"

YOU ARE READING
Tale of A Heart // TaeGyu
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡