သူငယ်ချင်းနှစ်ယောက်သား ဝမ်းရေးဖြည့်တင်းပြီး ကလေးတွေဖို့ မုန့်တွေဝယ်ကာ ဂေဟာလေးဆီ ချီတက်ခဲ့ကြတယ်။ ဟိုရောက်တော့ ကလေးတွေက အပြေးအလလွှားထွက်ကြိုကြတယ်။ ကလေးတွေကို မုန့်တွေဝေငှပေးရင်း မွေးနေ့လေးဟာ ကလေးတွေရဲ့ ဆုတောင်းစကားသံတွေနဲ့ ပြီးပြည့်စုံစေခဲ့တယ်။
ရရှိလက်ခံသူ ကလေးတွေရဲ့ ပြုံးရွှင်ပျော်မြူးမှုတွေရယ် ပေးလှူသူတို့ရဲ့ ကြည်နူးပီတိတွေရယ် ပြည့်နှက်နေတဲ့ ဂေဟာလေးကတော့ အေးချမ်းဖွယ်အတိပင်..။
Taehyun POV;
Huening ကတော့ မုန့်ဝေပြီးတာနဲ့ ကလေးတစ်ချို့ကို ဦးဆောင်ကာ ဆော့ဖို့သွားလေပြီ။ပြောပါတယ် ကလေးဗိုလ်ပါဆိုတာကို ငြင်းချင်သေးတာ။ ဒါနဲ့ ကျနော်လဲ သစ်ပင်ရိပ်အောက် မြက်ခင်းပြင်ပေါ်ထိုင်လိုက်ကာ ဆော့ကစားပျော်ရွှင်နေတဲ့ သူတို့ကို ထိုင်ငေးကြည့်နေလိုက်တယ်။
ထိုစဉ် ကလေးမလေးတစ်ယောက် ကျနော့်အနားရောက်ချလာပြီး
"ကိုကို.. ကိုကို Taehyun က နောက်နေ့တွေကော လာဦးမှာလား"
"ဒါပေါ့ ကိုကိုတို့လာရင် ပျော်မှာလား"
"ပျော်တာပေါ့"
"ပျော်တယ်ဆို ကိုကိုက ထပ်လာမှာပေါ့"
"တကယ်နော်?"
"တကယ်ပါဗျာ"
"Hee" ကိုကိုက တကယ်ချစ်ဖို့ကောင်းတယ် သမီးဆီမှာရှိတဲ့ ရှဉ့်ရုပ်လေးနဲ့တူတယ်"
"ဟုတ်လား ရှဉ့်ရုပ်လေးက ဘယ်သူပေးထားတာလဲ"
"ဒီကို လာလည်နေကျ အလှူရှင်ဦးဦးက လက်ဆောင်ပေးတာ"
"ဟုတ်လား ဒါဆို ကိုကိုက မီးမီးရဲ့ရှဉ့်ရုပ်လေးနဲ့ တူတယ်ပေါ့"
"အင်း တူတယ်"
ထိုအချိန်မှာပင် အစောကရပ်ကြည့်နေပုံရတဲ့ ကလေးမလေးတစ်ယောက်ကလဲ အပြေးရောက်ချလာပြီး
"ဟုတ်ဘူး ကိုကိုက ကြောက်ပေါက်လေးနဲ့တူတာ "
"ဟုတ်ဘူး ရှ့ဉ်ရုပ်နဲ့တူတာပါဆို"
"ဟုတ်ဘူး ကြောင်ပေါက်လေးပါဆို"
"ရှဉ့်."
YOU ARE READING
Tale of A Heart // TaeGyu
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡
