❥ Chapter.27

121 24 15
                                    

စာလုပ်နေပေမဲ့လဲ အဲ့အစ်မပြောသွားတာတွေကိုပဲ တွေးနေမိတယ် သူပြောသွားတာတွေက အမှန်တွေ ဖြစ်လောက်မလား ဒါနဲ့ပဲ တွေးမနေတော့ဘဲ စိတ်ပြေလက်ပျောက် Innie လေးဆီ သွားလိုက်တယ်။

"Innie လေး TaeTae က ရှေ့ရက်ကျရင်စာမေးပွဲဖြေရမှာ အဲ့တာပြိီးရင် ခရီးထွက်ကြမှာ Innie လေးကော လိုက်ချင်လား"

"လိုက်လို့ရလား TaeTae ပါရင် Innie လဲ လိုက်ချင်တယ်"

"ဒါပေါ့ ခေါ်မှာပေါ့ ဒါကြောင့် Innie က ဆရာဝန်တွေပြောတာနားထောင်ပြီး နေကောင်းအောင်လုပ်ရမယ်နော်"

"ဟုတ် သားကစကားနားထောင်ပါတယ် ကိုကိုကလဲ ပြောတယ် သားမကြာခင် နေကောင်းလာနိုင်တော့မှာတဲ့ ဒါမဲ့တစ်ခါတစ်လေကျရင် ဒီနားလေးက နာလာတယ် " နှလုံးရှိရာ ဘယ်ဘက်ခြမ်းကို လက်ညှိုးလေးထိုးလာပြီး ပြောလာတဲ့ Innie လေးကိုကြည့်ပြီး စိတ်ထဲမကောင်း။ သူလဲ နာကျင်နေမှာပေါ့ ကလေးမလို့သာ ထုတ်မပြောပြတတ်မှာ။ ။

ဒီလိုပဲ စိတ်တွေ ဟိုရောက်ဒီရောက်ကနေ စာသေချာလုပ်လိုက် တွေးလိုက်နဲ့ စာမေးပွဲတောင် ဖြေရပြီ။ အရင်ထဲက ရပြီးသားတွေမလို့ သိပ်စိတ်မပူရပေမဲ့ အရင်ကလောက်တော့ အာရုံမစိုက်နိုင်ခဲ့။ ဒီနေ့ Gyu ပြန်လာတော့မှာ ။ မေးခွန်းတွေအတွက် အဖြေရနိုင်တော့မယ်။ ဟိုအစ်မပြောသွားတာတွေက အမှန်တွေ ဖြစ်နေခဲ့ရင်ကော ကျနော်ဘယ်လိုလုပ်ရမလဲ။

စာမေးပွဲဖြေပြီးရော ရုတ်တရက်တွေးလိုက်မိတာ Hyuka ကော ဖြေနိုင်‌လောက်တယ်မလား ရှေ့ရက်က Soobin Hyungနဲ့ တတွဲတွဲ တွေ့နေရတာ မေးကြည့်ရင် လုပ်စရာလေးရှိနေလို့ဟု ပြောကာ စကားလမ်းကြောင်းလွှဲ-လွှဲသွားတာ
ဟော ဟိုမှာပဲ စာမေးပွဲခန်းထဲက ထွက်လာပြီ

"Hyuka!!"

"ဟီး "

"ဘာဟီးလဲ စာမေးပွဲဖြေနိုင်တယ်မလား"

"စိတ်ချပါ အောင်မှတ်ကတော့အသာလေးပဲ ဂုဏ်ထူးသာမထွက်မှာ"

"Huening ရေ"

"Soobin Hyungပါလား"

"အော် Hyun လဲ ရှိနေတာလား"

"ကျနော့်ကို မတွေ့ဘူးပေါ့"

"ရုတ်တရက်မလို့ပါ Huening သွားမယ်လေ"

"ဘယ်သွားကြမလို့လဲ"

Tale of A Heart // TaeGyuWhere stories live. Discover now