❥ Chapter.33

253 33 17
                                        

အိမ်ပြန်လမ်းမှာ အာတာပူစီတွေ တွေ့မိတော့ တစ်ချိန်က ပန်းရောင်တိမ်တွေဟုခေါ်ကာ ပျော်ရွှင်စွာ ရယ်မောနေတဲ့ ကောင်လေးနှစ်ဦးရဲ့ ပုံရိပ်လေးတွေ မြင်ယောင်လာတော့ လွမ်းမိပြန်ပြီ....

အိမ်ပြန်ရောက်တော့ Innie လေးလဲ ပြန်ရောက်နေပုံပဲ။ ကျနော့်ညီလေးကို သာမန်လူတစ်ယောက်လို ပျော်ရွှင်စေချင်တဲ့ ဆန္ဒလေးတော့ပြည့်သွားခဲ့ပြီပေါ့။ တကယ်လို့ နှစ်ယောက်ထဲက တစ်ယောက်ကိုသာ ရွေးရမယ်ဆိုရင် ကျနော့်အတွက် အတော်လေးကို ခက်ခဲမှာပဲ။

"ကိုကို! ပြန်လာပြီလား"

"Innie လေး အခု ဘယ်လိုနေသေးလဲ"

"Very good: ဒီနာလေးက နာလည်းမနာ အောင့်လဲ မအောင့်တော့ဘူး"

"အင်း ပြီးတော့ ဒီမှာ Innie လေးဖို့ ကိုကိုဝယ်လာတယ်"

"ရေးး ပန်းရောင်တိမ်လေး" ထိုနောက် ပျော်နေရာက ချက်ချင်းအလိုမကျသလိုနဲ့ "တစ်ခုထဲလား?"

"အင်းလေ Innie လေးက ထပ်စားချင်သေးလို့လား"

"ကိုကိုက ဘာလို့ တစ်ခုထဲဝယ်လာတာလဲ Tae Tae ဖို့လဲ ဝယ်ခဲ့ရမယ်လေ "
ကိုယ်ဘယ်လိုပြန်ဖြေရမလဲ~~

"အော် သားငယ်ကလဲ သားကိုကိုက TaeTae ဖို့ ပေးခဲ့ပြီးသွားပြီ ဟုတ်တယ်မလား သားကြီး..."

"အင်း ဟုတ်-ဟုတ်တယ်"

"နောက်နေ့ကျ TaeTae ဆီ လိုက်ပို့ သားဆေးရုံကဆင်းတာကိုတောင် မလာဘူး"

"‌အဲ့တာကလေ TaeTae ဟိုးအဝေးကြီးကို ခရီးသွားနေရတာ အဲ့တာကြောင့်ပါ ပြီးတော့ သူကလေ Innie လေးကို လိမ်လိမ်မာမာနေရမယ် စာလဲကြိုးစားပြီး တော်ပြီးထက်မြက်‌တဲ့လူဖြစ်အောင် လုပ်ရမယ်တဲ့ မဟုတ်ရင် သားနဲ့ သူငယ်ချင်းမလုပ်ဘဲနေမှာလို့ မှာခဲ့တယ်"

"ဟုတ် သားက လိမ္မာပါတယ်။ ကျောင်းလဲတက်ပြီး စာလဲကြိုစားပြီး အတော်ဆုံးဖြစ်အောင်လုပ်မှာ အာ့ကျမှ TaeTae က Ning Ning ထက် Innie ကိုပိုချစ်တော့မှာ "

"ဟုတ်ပါပြီဗျာ..."
Ning Ning ဆိုမှ Kai တစ်ယောက်ကို ဘယ်လိုနေသေးလဲမသိ အဆင်ပြေပြေရှိနေလောက်မလား။    ။

"သားကြီး ဘယ်သွားမလို့လဲ"

"သွားစရာလေးပေါ်လာလို့ "

Tale of A Heart // TaeGyuWhere stories live. Discover now