❥ Chapter.32

148 25 20
                                    

:Kim Demi လာတွေ့တဲ့လူရှိတယ်

:အင်း

တွေ့လိုက်ရတဲ့လူက
"Beom! Dee ကို ကယ်ပါဦး Dee ဒီထဲမှာ မနေချင်ဘူး"

"ဟုတ်လား ငါကလဲ မနေစေချင်ပါဘူး တစ်ခါထဲ ပြန်မလာနိုင်တော့မဲ့ ငရဲကို ပို့ပေးချင်တာ"

"ဟင်!!"

"မင်းက  အကြံပက်စက်ယုတ်မာလွန်းတဲ့ မိန်းမပဲ ငါ့ Hyun လေးကို ဘာတွေ ပြောခဲ့တာလဲ။ပြီးတော့ ဘာလို့ဒီလိုလုပ်ကြံရတာလဲ"

"မုန်းလို့ သူ့ကိုမုန်းလို့ Dee အချိန်ကြာကြီး မက်ခဲ့ရတဲ့ အိမ်မက်ကို အကောင်အထည်မဖော်နိုင်ခင်မှာပဲ သူက လုယူသွားတာ"

"Beom ကို အမြဲ အဝေးကနေပဲကြည့်နေခဲ့ရတဲ့သူပါ အနားရောက်နိုင်ဖို့ ပြောင်းလဲလာခဲ့ရတဲ့သူပါ ဒါမဲ့ Dee က ကြိုးစားနေရတဲ့အချိန်မှာ သူကတော့ ဘာမှတောင်လုပ်နေစရာမလိုဘဲ Dee ဆီကနေ အသာလေး လုယူသွားတယ် သူ့ကို မုန်းလွန်းလို့ Kang TaeHyun ကို သေစေချင်လို့ Beom အနားကနေပျောက်ကွယ်သွားစေချင်လို့!!"

*ဖြောင်း

"မင်းလို အဆင့်မရှိတဲ့သူက ငါ့ကလေးရဲ့ နာမည်ကို ခေါ်ဖို့ မတန်ဘူး အေး မင်းသိထားဖို့က မင်းကို ငါက ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး မင်းလိုမိန်းမမျိုးကို ချစ်ဖို့စဉ်းစားမဲ့အစား အသေပဲခံလိုက်မယ် နားလည်လား  ပြီးတော့ မြဲမြဲမှတ်ထား ဒီဘဝမပြောနဲ့ နောင်ဘဝတွေရှိလာရင်တောင် မင်း ငါ့အချစ်ကို  ဘယ်တော့မှ ရမှာမဟုတ်ဘူး"

"ဘာလို့လဲ Dee ကိုမဟုတ်ဘဲ အဲ့ကောင်ကို...အာ့!" ထိုမိန်းမရဲ့ပါးစပ်က ကလေးကို ကောင်လို့သုံးနှုန်းလိုက်တော့ ဒေါသတွေဆူပွက်လာကာ လက်တွေက ထိုမိန်းမရဲ့ လည်ပင်းကို တင်းကျပ်စွာ ညစ်ထားရင်း

"တောက်စ် မင်းရဲ့$ပါးစပ်က ငါ့ကလေးကို ကောင်လို့ မသုံးနဲ့ မင်းလိုဟာမမျိုးက ငါ့ကလေးနေရာမှန်းရအောင် တန်လို့လား အဆင့်အတန်းချင်း တူလို့လား စိတ်ဓာတ်ကအစ ကွာခြားနေတာကို ဆယ်ဘဝကြိုးစားတောင် ငါ့ကလေး ခြေဖျားကို မီမှာမဟုတ်ဘူး " လည်ပင်းကိုလွှတ်ပေးလိုက်တော့ အသက်လုရှုနေတဲ့ပုံစံကိုက သတ်ပစ်ချင်စရာလေးပဲ။ ။

Tale of A Heart // TaeGyuWhere stories live. Discover now