"TaeHyun ရေ ကျောင်းအုပ်က ရုံးခန်းကို လာခဲ့ပါဦးတဲ့"
"အင်း အခုပဲသွားလိုက်မယ်"
_._._._._._.._._.._.._._._.._.__._._._._._.._._.._..
"ဒေါက် ဒေါက်"
"TaeHyun လား"
"ဟုတ် ဆရာ"
"အင်း ဝင်ခဲ့လေ"
"ဆရာ ခေါ်တယ်ဆိုလို့"
"ဆရာတွေ ဘာတွေမလုပ်ပါနဲ့ လူကို အသက်ကြီးနေပြီလို့ခံစားရစေတယ် ပေါ့ပေါ့ပါးပါးလည်းဖြစ်အောင် Hyung လို့ပဲခေါ်ပါ"
"ဟုတ်ကဲ့ Hyung"
"အခုခေါ်တာက လာမဲ့ စာသင်နှစ်ကစလို့ Hyung တို့ ကျောင်းကနေ စာတော်တဲ့ကျောင်းသားတွေကို scholar ပေးတဲ့အစီအစဉ်လေးစတော့မှာ အဲ့တာ Hyung တို့ ဆရာတွေဘက်ကကော တိုင်ပင်ပြီး TaeHyun ကိုလဲ scholar ပေးချင်လို့ "
"အဲ့တာက ဟို.. ဟိုလေ.. ကျနော်က နောက်ဆုံးနှစ်တက်နေပြီး ပေးမှာကလဲ ရှေ့နှစ်မှစမှာဆိုတော့"
"မပူပါနဲ့ Scholar ပေးမဲ့သူဘက်ကလဲ လိုလိုလားလားနဲ့ ပေးချင်ပြီး Hyung နဲ့ဆရာတွေဘက်ကလဲ TaeHyun လို အမြဲစာကြိုးစားတဲ့ကျောင်းသားတစ်ယောက်ကို တတ်နိုင်တဲ့ဘက်ကနေ သေချာလေး ပံ့ပိုးကူညီချင်လို့ပါ လက်ခံမယ်မဟုတ်လား"
".......""ငြင်းလို့မရဘူးနော် လက်ခံလိုက်ပါ"
"ဟုတ်.. ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ် Soobin Hyung ဒါဆို ကျနော်ကိုသွားခွင့်ပြုပါဦး" TaeHyun လဲ နှုတ်ဆက်ပြီး အခန်းထဲကထွက်လာခဲ့လိုက်တယ်
အပေါက်ဝမှာ အသင့်စောင့်နေတဲ့ Huening ကတော့ စတင်မေးမြန်းတော့တယ်
"ဘာတဲ့လဲ Tyun"
"ငါ့ကို scholar ပေးမှာတဲ့"
"တကယ်လား ပျော်စရာကြီးပေါ့ Congratulations"
"အင်း _"
"ဒါဆို ပျော်စရာအထိမ်းအမှတ်အနေနဲ့ ညနေကျ လျှောက်လည်ရင်း အပြင်မှာပဲ ညစာပါတစ်ခါထဲစားကြမယ်"
"ဘယ်ကထဲက တွေးထားတဲ့မသိဘူး"
"ရတဲ့ အခွင့်အရေးဆိုတာ လက်လွတ်မခံပဲ အသုံးချတတ်မှလေ"
"အေးပါကွာ မင်းကိုတော့ မနိုင်ပါဘူး ညနေ အလုပ်ဆင်းလို့ ငါပြန်ရောက်တာနဲ့ သွားကြမယ်"
YOU ARE READING
Tale of A Heart // TaeGyu
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡