YJ,SB "Choi BeomGyu!!"
ဘာလဲကွာ ငါရဲ့ပျော်ရွှင်နေတဲ့အတွေးကမ္ဘာလေးထဲကို ဝင်နှောင့်ယှက်ကြတာ
"အစ်ကိုတို့နှစ်ယောက်ပါလား ဘာကိစ္စများရှိလဲမသိဘူးနော် ထူးဆန်းလို့"
YJ"မင်းက လာရအောင်လုပ်တာကို"
"ဘာကို..."
YJ"Soobin ကြည့်စမ်း ဒီကောင့်အချိုးကို ငါလုပ်လိုက်ရ နာတော့မယ်"
"ရော် ဘာလားဟ အတွေးလေးနဲ့သာယာနေတာနော် အာရုံလာမနောက်စမ်းပါနဲ့ကွာ"
SB"သတင်းစာရှင်းလင်းပွဲကိစ္စလေ"
"အော် အဲ့တာလား...အဲ့တာ ဘာဖြစ်လဲ"
YeonJun တစ်ယောက် စိတ်မရှည်တော့တဲ့အဆုံး BeomGyu တစ်ယောက်တော့ ခေါင်းအခေါက်ခံလိုက်ရပါပြီ
"အာ့ နာတယ်လေ "
YJ"မင်းက မပြောမဆိုတွေ ထထလုပ်လွန်းလို့လေ ငါတို့ကိုတောင် ကြိုအသိမပေးသွားဘူး ငါတို့တောင် ဒီမနက်မှသိရတယ်"
"ဘာဆိုင်လို့လဲ"
YJ"ငါထပ်လုပ်လိုက်ရ ဒါနဲ့ အဲ့ပွဲမတိုင်ခင် အန်တီကော သိပြီးသားလား "
SB "အေးဟုတ်တယ် မင်းတို့နှစ်ယောက်အကြောင်း ပြောထားပြီးသားလား"
"ဟင့်အင်း မေမေတောင် ဒီနေ့မှသိတာ ဒါတောင် မေးလို့ပြောပြဖြစ်တာ"
YJ"တော်တော်မွေးရကျိုးနပ်တဲ့သားပဲ ငါသာ အန်တီ့နေရာမှာဆို မင်းကို မှတ်လောက်သားလောက်အောင် ရိုက်ပစ်မှာ"
"ဒါကတော့ ငါ့မေမေက မင်းလို စိတ်ပုတ်မှမဟုတ်တာ"
YJ"ဒီကောင် ထပ်အခေါက်ခံချင်နေပြန်ပြီ"
"နိုးပါ တစ်ခါပဲခံမယ် နှစ်ခါမရှိစေရဘူး"
SB "အော် နေကြပါဦး စကားပြန်ဆက်ရမယ်ဆိုရင် အန်တီက ဘာပြန်ပြောလဲ သဘောတူတယ်တဲ့လား ဘာတဲ့လဲ"
"အင်းးးး မေမေကတော့ ပြောတယ် သူ့သမက်လေးကို အိမ်ခေါ်ခဲ့ပါဦးတဲ့"
SB "အမယ် ငါ့ကောင်ကြီး ကံတွေ ရှယ်ကောင်းနေချက်ပဲ အချစ်ရေးကတော့ ပြောစရာကိုမလိုဘူး ဖြောင့်ဖြူးနေရောပဲ"
YOU ARE READING
Tale of A Heart // TaeGyu
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡
