❥ Chapter.21

189 31 20
                                        

" Gyu နောက်ဆို လူကြားထဲ Baby လို့ မခေါ်နဲ့ နေရခက်တယ် "

"အဲ့တာဆို အပေးအယူလုပ်မယ်"

"ဟင် အပေးအယူ? ဘယ်လိုလုပ်ချင်တာလဲ"

"ကိုကိုလို့ခေါ်  အဲ့ကျရင် Baby လို့ မခေါ်တော့ဘူး"

"Gyu က စီးပွားရေးသမားလို့ မပြောရဘူး တအားအကျပ်ကိုင်တာပဲ"

"ဟောဗျာ ဘာဆိုင်လို့လဲ ပြီးတော့ ကိုယ်ကနဲ့ Hyunက 4နှစ်ကွာတယ်မလား ကိုကို လို့ ခေါ်သင့်ပါတယ်နော် "

"ပြီးရောဗျာ ခေါ်မယ်..."

"စမ်းခေါ်ကြည့်ပါဦးလား"

"မခေါ်ကြည့်ပါဘူး သွားမဲ့နေရာကိုသာ မြန်မြန်မောင်းပါ အလုပ်လဲရှိသေးတာကို"

"ကိုကိုက ခွင့်တိုင်ပေးထားတာမလို့ ဘာမှစိတ်မပူနဲ့"

"တကယ်ကောပြောပြီးလို့လာ"

"တကယ်ပါ ‌ပြီးတော့ သွားမဲ့နေရာက ရှေ့မှာရောက်ပြီ"

ဘာ်ခေါ်သွားမှန်းမသိ ရင်တုန်‌လိုက်ရတာ အခုတော့ ကုန်တိုက်တစ်ခုကို တကယ်ပါပဲ ဈေးဝယ်ထွက်မယ်ပြောရင် ပြီးနေတာပဲကို။

"ကယ်သွားကြမယ်" ဆင်းမယ်အလုပ် အင်္ကျီစလေးကို လှမ်းဆွဲလာတဲ့ကောင်လေး သိတာပေါ့ သူ ကိုကိုလို့ ခေါ်ရမှာ ရှက်နေတာကို။

"ပြောပါဗျ"

"ဟို...ဒီကို ဈေးဝယ်ထွက်ဖို့ လာတာလား"

"အင်း ကိုကိုနဲ့ ကလေးအတွက် ဝတ်စုံလာကြည့်တာ"

"ကလေး ဘယ်သူ့ကလေးလဲ"

"ဟောဒီက ကိုကိုရဲ့ကလေးလေး"

"ဟင် ကျနော်" မျက်လူံးဝိုင်းဝိုင်းလေးတွေနဲ့ ကိုယ့်ကိုယ်ကို လက်ညှိုးထိုးပြီး မေးနေတာလေးက ကိုက်စားချင်စရာလေး။

"အင်းလေ ကလေးပဲ Baby လို့ မခေါ်နဲ့ဆို အဲ့တာကြောင့် ကိုကိုက မြန်မာမှုပြုပေးလိုက်တာ"

"အရမ်းတွေ နစ်နာသွားဦးမယ် ဒါနဲ့ ဝတ်စုံက ဘယ်မှာ ဝတ်ဖို့လဲ"

"‌နောက်ကျရင် သိလိမ့်မယ်"

"ဒီနေ့ အရမ်းလျှို့ဝှက်တယ်နော်"

Tale of A Heart // TaeGyuWhere stories live. Discover now