❥ Chapter.18

150 24 22
                                    

"ကြွပါခင်ဗျ ဘာသုံးဆောင်- အယ် Hyung လာပြီလား"

BeomGyu တစ်ယောက် ပျော်ရွှင်စွာဝင်လာတဲ့အခိုက်အတန့်လေးကတော့ TaeHyunရဲ့ Hyung ခေါ်သံကြောင့် ပျက်စီးသွားပါပြီ

"ဟာ.. ကိုယ့်ကို Hyung လို့မခေါ်ပါနဲ့ဆို ပြောထားတယ်လေ"

"ဟီး မေ့သွားလို့ နောက်မခေါ်တော့ပါဘူး ဒါဆို စောင့်ဦးနော် အချိန်ပိုင်းပြည့်ဖို့ နည်းနည်းလိုသေးတယ်"

"အင်းပါ အလုပ်ကြိုးစားတဲ့ကောင်လေးကို ချစ်သူတော်ထားရတော့လဲ စောင့်ရ‌တာပေါ့"

"ဟျောင့် BeomGyu လာ ငါတို့နဲ့လာထိုင် " အသံကျယ်ကြီးနဲ့ လှမ်းခေါ်တဲ့ အသံကြောင့် အသံလာရာ စူးစမ်းကြည့်တော့ Soobin နဲ့ Kai ပဲ

"ကိုယ်တို့ ဒိတ်မှာ သူတို့လဲ ပါမှာလို့တော့မပြောနဲ့နော်"

"မပါပါဘူး Gyu ကလဲ"

"ဟူးတော်သေးတာပေါ့ ဒါဆို သူတို့က ဘယ်ကနေဘယ်လိုရောက်နေကြတာလဲ"

"အဲ့တာနောက်မှမေး အရင်လာစမ်းပါ ဆိုင်ပေါက်ဝရပ်ပြီး ကျီစယ်နေကြတာ ငါ့ဆိုင် လာဘ်ပိတ်တယ် လာ လိုက်ခဲ့"

လက်ဆွဲကာခေါ်ချသွားသော YeonJun နောက်ပါသွားပေမဲ့ နောက်ပြန်လှည့်ကြည့်နေသေးသော BeomGyu ရယ်ပါ။

ဝင်လာတဲ့လူတွေကို အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်နေတဲ့ ကျနော့်ချစ်သူလေးက ကြည့်မဝလေးပဲ။ ဒီကိုနေ့တိုင်းလာလိုက်ရမလား..

"ဟေ့ကောင်!!!! BEOMGYU!!!!"

"အာ what the..သေမလို့ အော်နေတာလား"

"ခေါ်နေတာကြာပြီ မင်းကငမ်းကောင်းနေတာကို"

"မဟုတ်ဘူး ငါစဉ်းစားနေတာ"

"အမယ့် ဘာတွေစဉ်းစားနေတာလဲ"

"ဒီမှာ အချိန်ပိုင်း လာလုပ်ရမလားလို့"

"ဟေ့ ဟေ့ အဲ့လိုမစကောင်းဘူးနော် ကုပ္မဏီပိုင်ရှင်က အ‌ချိန်ပိုင်းလုပ်မလို့တဲ့ တားကြပါဦး"

"အချိန်ရရင် ရသလို သူနဲ့ရှိချင်နေတာ"

"မင်းဟာက မရတော့ ရောဂါကျွမ်းနေပြီ "

"မင်းတို့လို ချစ်သူမရှိ fa လေးတွေကတော့ ဘယ်နားလည်မလဲ"

"ဟောဗျာ ကျွန်တော်တို့ကို ဘလိုင်းကြီး လာရန်စနေတယ် အမှတ်လျှော့လ်ိုက်ရ"

Tale of A Heart // TaeGyuWhere stories live. Discover now