❥ Chapter.15

149 26 6
                                    

"Tyun! Tyun!! ထတော့ နောက်ကျနေပြီ"

"ဟင်..အင်းးးး ထပြီ ဟက်ချိုးး!!!"

"ဘယ်လိုဖြစ် မျက်နှာကလဲ ဖြူဖပ်ဖြူရော်နဲ့ မှန်းစမ်း.."နဖူးပေါ် လက်တင်ကာ စမ်းကြည့်မိတော့ ကိုယ်ပူနေသယောင်

"ဟင်!! ကိုယ်တွေပူနေပါလား မနေ့ညက ပြန်ရောက်တုန်းက မိုးမိလာသေးတယ်မလား"

"အင်း မိုးမိပြီး အအေးပတ်တာထင်တယ်"

"အဲ့တာကြောင့် ရေစိုကို မြန်မြန်လဲပြီး ဆေးသောက်အိပ်ပါဆိုတာကို စကားမှနားမထောင်တာ"

"ဟီးး"

"ဟီး လုပ်မနေနဲ့ ဒီနေ့ ‌အတန်းမတက်တော့နဲ့ နားလိုက်တော့ ငါစာတွေမှတ်ခဲ့ပေးမယ်"

"ရပါတယ် အရမ်းမဖျားပါဘူး အအေးမိတာလောက်ပဲကို"

"မရပါဘူး ပြီးကျ လူက ခံနိုင်ရည်ရှိတာလဲ မဟုတ်ဘဲနဲ့ ဆန်ပြုတ်သွားပြုတ်လိုက်ဦးမယ် ထပြီး မျက်နှာသစ်တော့"

"ဒါပေမဲ့--"

"ဘာမှမမဲ့ဘူး မျက်နှာသစ်ပြီး ဆင်းလာခဲ့ ဒါပဲ" ပြောချင်ရာပြောပြီး ထွက်သွားတဲ့ Hyuka ကြောင့် လက်လျော့ပြီး ပြောတဲ့အတိုင်း လုပ်ဖို့ပဲဆုံးဖြတ်လိုက်တယ်။ တစ်ရက်လောက် အပြည့်အဝအနားယူလိုက်တာပေါ့..

"လာပြီလား ဒီမှာ ဆန်ပြုတ်ပြင်ထားတယ် ပူတုန်းရှိသေးတယ်နော် စားပြီး ဆေးသောက်လိုက်နော် ပြီးကျ ပြန်အိပ်ချင်အိပ်လိုက် ကျောင်းလာဖို့ စိတ်မကူးနဲ့နော် တစ်ရက်လောက်နားစမ်းပါ ကျောင်းတက်မှန်လို့လဲ ဘယ်သူမှဆုမပေးဘူး ကျောင်းလစ်တာလဲမဟုတ်ဘဲနေမကောင်းလို့ အနားယူတာပဲကို "

စကားတွေဆက်တိုက်ပြောနေတာ အကြီးနဲ့အငယ်မှားကာ သူကအကြီးလို ကျနော်ကို ဆူပူဆုံးမနေပုံပေါက်နေတဲ့ Hyuka ကို စကားပြန်ပြောဖို့ ပြင်တော့

"ငြင်းတာမလိုချင်ဘူး အစားစား ဆေးသောက် ပြီးရင် အနားယူ ဟုတ်ပြီလား ပြောစကားနားထောင်စမ်းပါ"

"ဟုတ်ကဲ့ပါခင်ဗျ စကားနားထောင်ပါ့မယ်ဗျ"

"အင်း လိမ္မာတယ် ငါသွားပြီ အိမ်မှာ ကောင်းကောင်းအနားယူနော်" ပြောလဲပြောကျ‌နော့်ခေါင်းကိုပုတ်ရင်း လွယ်အိတ်ယူကာ ထွက်သွားသော Hyuka ကို ကြည့်ရင်း အတွေးများနဲ့ကျန်နေခဲ့တယ်။သူက တစ်ခါတစ်လေ အကြီးတစ်ယောက်လိုပဲ ဂရုစိုက်ပေးတယ်။တစ်ခါတစ်လေ အငယ်ပီပီ ချွဲတတ်သေး။မိသားစုဝင်တစ်ယောက်လိုကော သူငယ်ချင်းတစ်ယောက်လိုကော လိုအပ်ချိန်တိုင်း လိုသလို ပြောင်းလဲ ရှိနေပေးတဲ့ ကျ‌နော့်ဘဝအတွက် အရေးပါတဲ့ လူတစ်ယောက်ပဲ။ မင်းရှိနေပေးလို့ ငါပျော်ရွှင်နေရတာ..။

Tale of A Heart // TaeGyuWhere stories live. Discover now