❥ Chapter.29

189 31 13
                                        

ရုတ်တရက် အနောက်ကနေ အတွန်းခံလိုက်ရတာကြောင့် လမ်းပေါ် အရှိန်နဲ့ ပစ်လဲကျသွားတယ်။နာနေနဲ့ ဒူးခေါင်းနဲ့ တံတောင်ကို တစ်ချက်စစ်ကြည့်ပြီး အနောက်မှာ ဘာတွေ ဖြစ်နေတာလဲ လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ချောက်ချားစေတယ်။

သွေးတွေထဲမှာ လဲကျနေတဲ့ Gyu ဘယ်လိုဖြစ်သွားတာလဲ မြန်ဆန်လွန်းလို့လိုက်မမီတော့ဘူး တိုက်မိတဲ့ကားကကော ဘာလဲ မောင်းပြေးသွားတာလား

*ဟင့်အင်း အဲ့လို မဖြစ်ရဘူးလေ
နာနေတဲ့ ခြေထောက်ကို လျစ်လျူရှုပြီး Gyu နား‌ကို သွားလိုက်တော့ ခေါင်းမှာ သွေးတွေနဲ့ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတဲ့ ကိုယ်‌လေး မြင်ရတာ ရင်နာလိုက်တာ

"Gyu! Gyu!! ထပါဦး "

"Gyu!!!! အဲ့လိုမလုပ်ပါနဲ့ ခွင့်လွှတ်တယ်လို့ ထပါဦး!!"

"ဟုတ်တယ် ဆေးရုံကို ဖုန်းဆက်ရမယ် ဘေးနားမှာ screenလေး အက်နေတဲ့ ဖုန်းလေး ဒါ Gyu ရဲ့ဖုန်းပဲ

ဆေးရုံကို ဖုန်းဆက်ဖို့ ဖုန်းကို ဖွင့်လိုက်တော့ ပေါ်လာတဲ့ ပုံလေးက ကျန်ော့ပုံလေး

Arcade သွားတဲ့နေ့က Gyu ကျနော်မသိခင် ရိုက်ထားတဲ့ပုံလေးပဲ
အဲ့လောက်တောင်ချစ်တာလား
အသက်ထက်မကချစ်တယ်ဆိုတာ တကယ်ပဲလား ယုံပါပြီ
ယုံပြီမလို့ ဘာမှဖြစ်လို့မရဘူးနော်
ခဏပဲ အားတင်းထားပါ

ဖုန်းနံပါတ်ရိုက်နေတုန်း ဝင်လာတဲ့ ဖုန်း call လေး

Doctor Lee

ဟယ်လို

BeomGyu ဖြစ်နိုင်ရင် ဆေးရုံကို အမြန်လာခဲ့ပေးကွာ Innie လေး အခြေအနေမကောင်းဘူး

Dr. အခု ×××လမ်းကို
လာခဲ့ပေးပါ အမြန်လာပေးပါ

အမ် ဘယ်သူလဲမသိ...

အမြန်လာပေးလို့!!!! ဒီမှာ accident ဖြစ်လို့ အခုချက်ချင်းလာပေးပါ ကျေးဇူးပြုပြီး

အခုပဲလာခဲ့မှာမလို့
ခဏလောက်စိတ်ကို ငြိမ်ငြိမ်ထားပါ ကျနော်တို့ အခုပဲလာခဲ့ပါ့မယ်

Innie လေးကလဲ Gyu ကို လိုအပ်နေတယ် ဒါကြောင့် Gyu က ထလာပါတော့ တကယ်တမ်းအားလုံးကကျနော့်အမှားပဲ
ယုံခဲ့ရမှာ Gyu ရဲ့ အချစ်ကို အကြွင်းမဲ့ ယုံကြည်ခဲ့သင့်တာ
အလိမ်ခံလိုက်ရပါလားဆိုတဲ့ ဘာမဟုတ်တဲ့ ဒေါသစိတ်ကြောင့် မမြင်နိုင်ခဲ့မိတာ။
တစ်ယောက်တည်းထွက်မသွားခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး ကျနော့်ကြောင့် ကျနော့်ကြောင့်ပါ

Tale of A Heart // TaeGyuWhere stories live. Discover now