❥ Chapter.12

156 25 1
                                    

BeomGyu  လည်း Soobin တို့ ရှိရာကို သွားလိုက်တော့

SB: TaeHyun ဘာဖြစ်သွားလဲမသိဘူး

YJ: အေးဆို သန့်စင်ခန်းက ပြန်ရောက်လာပြီး အတင်း ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်သွားတယ် လိုက်ပို့မယ်ဆိုတာကို မဟုတ်ရဘူး

BeomGyu လည်း ပြန်တွေးမိပြီး ပြုံးနေတော့

SB: မင်းနဲ့တွေ့လိုက်သေးလား

BG: အင်း တွေ့တယ်

YJ: ဒါဆို မင်းလက်ချက်နေမှာ မင်းဘာလုပ်လိုက်လဲမှ မသိ

BG: ဘာမှ ထွေထွေထူးထူး မလုပ်လိုက်ရပါဘူးဗျာ စကားလေးပဲ ပြောမိရုံပါ Hyung တို့ကလည်း ကျွန်တော့်ကိုတရားခံကြီးလို မကြည့်စမ်းပါနဲ့

SB: ဘာစကားလဲ..

BG: မပြောပြနိုင်ပါဘူး

YJ: ဘာလဲ ရည်စားစကားလား...

BG: မပြောပြနိုင်ပါဘူးဆို...အာဟုတ်သား Hyun ပြန်သွားပြီဆိုတော့ သူ့ပေးတဲ့လက်ဆောင်လေးကြည့်လို့ရပြီပေါ့.. သွားလိုက်ဦးမယ်

ကျန်ခဲ့တဲ့ နှစ်ယောက်ကတော့ ခေါင်းတညိတ်ညိတ်နဲ့ BeomGyu ထွက်သွားတာကို ကြည့်ရင်း သက်ပြင်းချလျက်....

Yeonjun မှစပြီး

"စိတ်ဝင်စားဖို့တော့ကောင်းနေပြီ "

"ဟုတ်တယ် Hyung ကျနော်လဲ အရမ်းတွေ စိတ်ဝင်စားနေပြီ "

"ဒီကောင် လျှိုနိုင်လွန်းတယ် ဆိုင်ကိုလာပြီး lecture တွေပေးသွားထဲက ငါ တော်တော်လေးသိချင်နေတာ "

"ကျနော့်ကိုရော ဘာထူးလဲ အိမ်ထိပါရောက်ချလာတာ မေးတိုင်း စကားလမ်းကြောင်း လွှဲ-လွှဲသွားတာ နောက်မှ ကျနော်တို့ရအောင်မေးကြည့်ကြမယ် အခုတော့ ပြန်ကြတော့မလား"

"အင်း သွားကြတာပေါ့"

တစ်ဖက်တွင်လည်း BeomGyu တစ်ယောက် လက်ဆောင်ထုပ်လေးကိုင်ပြီး စိတ်တွေလှုပ်ရှားနေခဲ့တယ်

* မွေးနေ့တွေများစွာကျော်ဖြတ်ခဲ့ပြီးပေမဲ့ ဒီတစ်ခေါက်ကို ရင်အခုန်ဆုံးပဲ ချစ်ရသူက ပေးလို့များလားပဲ ဟိ..*

လက်ဆောင်အိတ်လေးကို ဖွင့်ကြည့်လိုက်တော့ ဘူးလှလှလေးတစ်ခုနဲ့ စာအိတ်လှလှလေးတစ်ခု

Tale of A Heart // TaeGyuWhere stories live. Discover now