"ဘယ်သွားမလို့လဲ ဒီနေ့ပိတ်ရက်မလား"
"Gyu နဲ့ အပြင်သွားစရာရှိလို့ "
"ဘယ်သွားမလို့လဲ"
"Gyu မေမေနဲ့ ညီလေးက ငါ့ကိုတွေ့ချင် ရင်းနှီးချင်တယ်ဆိုလို့ အဲ့တာ ဒီနေ့ သွားတွေ့ကြမလို့"
"BeomGyu Hyung အမေလဲ သိပြီးသားပေါ့ "
"အင်း "
"အမယ် တစ်မိုးအောက် Kang TaeHyun တို့ကတော့ စာမေးပွဲနားနီးတာတောင် ချစ်သူလေးနဲ့ ဆွေပြမျိုးပြသွားတော့မယ်ပေါ့"
"မင်းဟာလေ တစ်စိတ်ကိုတစ်အိတ်လုပ်ပြောတဲ့ကောင်ပဲ"
"အေးပါကွာ ငါကစတာပါ"
တီ..တီ !! အောက်က ကားဟွန်းတီးသံမလား လာခေါ်ပြီနဲ့တူတယ်
"အင်း သွားတော့မယ် စာမေးပွဲဖြေရမှာထက် ပိုပြီး စိတ်လှုပ်ရှားနေတယ်"
"အဆင်ပြေသွားမှာပါ ငါ့သူငယ်ချင်းလေး Good luck "
"ကလေးအဆင်သင့်ဖြစ်ပြီလား"
"အင်း နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်"
"InGyu လေးက ကလေးကို သဘောကျမှာပါ "
"အယ် ဟုတ်သားပဲ ကလေးရှေ့မှာ ကလေးလို့ မခေါ်နဲ့နော်"
"ဘာလို့လဲ "
"မခေါ်ဆိုမခေါ်နဲ့ပေါ့"
"ဟောဗျာ "
_________________
ဆေးရုံရှေ့ရောက်တော့ ဟင် ဒီဆေးရုံက အရင်တစ်ခါ ငါလာဘူးတဲ့ နေရာပဲ Gyu ရဲ့ ညီလေးက ဒီမှာတက်နေတာလား ငါမသိခဲ့ဘူးပဲ။ ။
အခန်းတစ်ခန်းရှေ့ရောက်တော့
"Innie လေးရေ ကိုကိုလာတယ်"
အခန်းထဲမှာ ဆယ်နှစ်အရွယ်လောက် ကလေးတစ်ယောက် တံခါးဖွင့်လို့ Gyu ကိုလဲ မြင်ရော ဝမ်းသာအားရပြေးဖက်ပါရော။ နောက်ကျ ကျနော့်ကိုလဲမြင်ရော Gyu ကို တိုးတိုးလေး နားနားကပ်ပြီး တစ်ခုခုမေးနေပုံပဲ။ ဘာလဲ ငါကကြောက်ဖို့ကောင်းနေလို့လား ငါ့ကို သဘောမကျတာများလား။ Gyu က ခေါင်းညိတ်ပြလိုက်တော့ ကျနော့်ဆီ ပြေးလာပြီး
"ကိုကိုအရုပ်လေး အာန်ညော် သားက Choi InGyu လို့ခေါ်ပါတယ်ဗျ"
"အာန်ညော် InGyu လေး ကိုကိုက Kang TaeHyun လို့ခေါ်ပါတယ်ဗျ"
YOU ARE READING
Tale of A Heart // TaeGyu
Fanfic🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡