"Hyuka မပြီးသေးဘူးလား မြန်မြန်လုပ်လေ"
"လာပါပြီ ဘာတွေ ဒီလောက်လောနေတာလဲ"
"အချိန်တိကျအောင်လို့ပေါ့"
"နောက်ကျလို့လဲ ဘယ်သူမှ ဘာမှမပြောပါဘူး မင်းဟာက ပိုကိုပိုတယ်"
"စကားများမနေနဲ့ မြန်မြန်လာ YeonJun Hyung စောင့်နေရလိမ့်မယ် "
"ငါတို့ဘာသာသွားမှာမဟုတ်ဘူးလား"
"Hyung က သူလဲ လာမှာဆိုတော့ ဆိုင်ကိုလာခဲ့တဲ့ တူတူသွားရအောင်လို့ဆိုပြီး ငါတို့ဘာသာဆို ဟိုကျ သိတဲ့သူကရှိတာမဟုတ်ဘူး အစထဲက အဖော်လေးနဲ့သွားထားတော့ လည်မနေတော့ဘူးပေါ့"
"အေးပါ ပြီးပြီ သွားမယ် "
"အိုကေ အာ ခဏလေး ငါမေ့တော့မလို့"
ပြာပြာသလဲ အခန်းထဲ ပြန်ပြေးဝင်သွားပြီ လက်ထဲအိတ်လှလှလေးတစ်လုံး ဆွဲပြီး ပြန်ထွက်လာပြန်တယ်
"ဘာလိုဖြစ်တုန်း အမောင် Tyunရဲ့"
"ဟီး ငါလက်ဆောင်ကျန်ခဲ့တော့မလို့ တော်သေးတယ်"
"လက်ဆောင် ဘယ်တုန်းက ဝယ်လိုက်တာလဲ ငါ့ကျမပြောဘူး"
"မနေ့က အလုပ်ဆင်းတုန်းက အတွေးပေါ်လာလို့ ငါဝယ်လာခဲ့လိုက်တာ "
"အေးပါ ဘာပဲဖြစ်ဖြစ် သူလိုလူက လက်ဆောင်တွေ ဘာတွေလဲ လိုမှာမဟုတ်ပါဘူး"
"ဘာနေနေ အမှတ်တရပေါ့ လာသွားကြမယ်"
ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် YeonJun ရဲ့ဆိုင်ကို ထွက်လာခဲ့ကြတယ်။ဆိုင်နားရောက်တော့ ဆိုင်ရှေ့မှာ ရပ်စောင့်နေတဲ့ YeonJun နဲ့ Soobin Hyung တို့ကို တွေ့လိုက်ရတယ်။
"Hyung တို့စောင့်နေရတာကြာပြီလား "
"မကြာသေးပါဘူး အစောကမှ ဆိုင်ပိတ်ပြီး အပြင်ရပ်စောင့်နေတာ"
"လူစုံပြီဆိုတော့ Hyung တို့သွားကြမလား"
"ဟုတ် "
လူလေးဦး စီးနင်းလာတဲ့ ကားလေးဟာ ခဏကြာ မောင်းနှင်လာပြီးတဲ့နောက်မှာတော့ ကျယ်ဝန်းတဲ့ခြံကြီးထဲက လှပတဲ့ အိမ်လေးရှိရာကို ရောက်လာခဲ့ကြတယ်။

YOU ARE READING
Tale of A Heart // TaeGyu
Fanfic🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡