❥ Chapter.1

656 51 0
                                        

ကြည်လင်သာယာနေသောကောင်းကင်ကြီး..
ကျရောက်လာတဲ့နေရောင်ခြည်လေးက ကျနော့်ရဲ့ နေ့စဉ်နှိုးစက်လေး

ကျနော့်ရဲ့တစ်နေ့တာတိုင်းကရိုးရှင်းလှသည်
မနက်ထမည် သွားနေကျ‌ ကော်ဖီဆိုင်လေးဆီသွားမယ် သောက်နေကျ blackကော်ဖီခါးခါးလေးတစ်ခွက်ရယ် ဖတ်နေကျစာအုပ်လေးဖတ်လို့ရယ် ထိုမှသာ ကျနော့်ရဲ့ တစ်နေ့တာတိုင်းက ပြည့်စုံပေမည်

ဆိုင်လေးက စာကြည့်တိုက်လိုပုံစံမျိုးလေးပါတွဲရက်ထားရှိတာဆိုတော့ အေးအေးချမ်းချမ်းပဲ ချောင်တစ်နေရာမှာ ကော်ဖီလေးတစ်ခွက် စာအုပ်လေးဖတ်လို့ သာယာမှုအပြည့် ဒါပြီးရင်တော့ အလုပ်သွားရမယ် သူငယ်ချင်းသုံးယောက် စုပေါင်းတည်ထောင်ထားတာလေးမလို့ ကျနော့်အတွက် အလုပ်ချိန်အတိမကျရယ်မရှိ

ဆိုင်တံခါးရှိ ချိတ်ဆွဲထားသော ခေါင်းလောင်းလေးမှ🎐ကလင်.ကလင်🎐
ဟူသောအသံလေးမြည်လိုက်သည်နှင့်

"မင်္ဂလာပါခင်ဗျာ ကြိုဆိုပါတယ်"

"အော်အစ်ကိုပါ လား ဒီနေ့လဲ ထုံးစံအတိုင်းပဲမလား"

"ဒါပေါ့နေရာလေးကောချန်ထားပေးတယ်မလား"

"သေချာတာပေါ့ အစ်ကိုက အမြဲလာနေကျ customer ပဲကို"

ကျနော်လဲ ဘေးဘက်မှန်တွေကာထားရာ ဆိုင်နံရံနဲ့ အစွန်းဘက်ကျရာ ထိုင်နေကျခုံလေးဆီ သွားလိုက်တယ် ခဏကြာဝော့ာ သောက်နေကျ Black coffee လေးရယ် စာအုပ်လေးရယ် အသင့်လာချပေးတယ် အော် မေ့တော့မလို့ ဖတ်လိုက်ရင် အပြင်မှာတကယ်ဖြစ်ခဲ့ဘူးသလို ခံစားချက်မျိုး ပေးစွမ်းတဲ့ ကျနော်ဖတ်နေကျ စာအုပ်လေးနာမည်က

           "" Tale of A Heart "" တဲ့.......

"သားကြီးရေ BeomGyu နိုးပြီလား"

အခန်းထဲအလုပ်သွားဖို့ပြင်နေ‌တုန်း မိခင်ဖြစ်သူက ခေါ်သံနဲ့အတူ အခန်းတံခါးဖွင့်ဝင်လာခဲ့တယ်

"သားကြီးက နိုးနေပြီလား အစောကြီးအလုပ်သွား‌တော့မလို့လား အောက်ထပ်မှာ မေမေ မနက်စာပြင်ထားလိုက်မယ် "

"နေပါစေ မေမေ သားသွားတော့မှာ အပြင်မှာပဲစားလိုက်တော့မယ် ငယ်လေးဆီလဲ ဝင်ချင်သေးလို့"

Tale of A Heart // TaeGyuWhere stories live. Discover now