"Tyun ပြန်ရောက်ပြီလား"
"အင်း"
"အဆင်ပြေခဲ့တယ်မလား"
"အင်း"
"ရော် အင်း ပဲဖြေနေ ဘာဖြစ်ခဲ့လို့လဲ"
"တကယ်တော့ ငါအခုထိ မယုံနိုင်ဖြစ်နေတာ Gyuမေမေကလည်း ငါ့ကို သားအရင်းတစ်ယောက်လိုပဲ သဘောထားပေးတယ် Innieလေးကလည်း ငါ့ကိုသဘောကျတယ် Gyuတို့မိသားစုက တကယ့်ကိုနွေးနွေးထွေးထွေးကြိုဆိုပေးတယ် ငါတွေးနေမိတာ ငါနဲ့ထိုက်တန်ရဲ့လားလို့"
"အရူးလေး မင်းနဲ့ထိုက်တန်တာပေါ့ ငါ့ရဲ့သူငယ်ချင်းလေးက အချစ်ခံရဖို့ ထိုက်တန်တယ် အကောင်းဆုံးတွေနဲ့ ထိုက်တန်တယ် မင်းတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်ပါတယ် အစက ငါ့သူ့ကို သိပ်တော့မကြည်ခဲ့ဘူး"
"ဘာလို့လဲ"
"မင်းအကြောင်းတွေ အရမ်းသိနေလို့ လိုက်စုံစမ်းစောင့်ကြည့်နေသလိုဆိုတော့ ငါသိပ်ဘဝင်မကျဘူး မသိရင်အကြံအစည်ကြီးနဲ့ချဉ်းကပ်သလိုဖြစ်နေလို့ သူက အလုပ်နဲ့သက်သေပြမယ်တဲ့ အခုတော့ ငါယုံပါပြီ .."
"အော် ဒါနဲ့ Innie ဆိုတာ BeomGyu Hyung ညီလေးလား"
"အင်း ကလေးကချစ်စရာလေး ဒီနေ့ကစားကွင်းလည်းရောက်ခဲ့တယ် အဖော်မက် အဆော့မက်လေး"
"ငါတော့မြင်ယောင်လိုက်ပါပြီ"
"ဘာကိုလဲ"
"BeomGyu Hyungတော့ ကလေးနှစ်ယောက်ကို လိုက်ထိန်းနေရတော့မယ်ဆိုတာကို"
"ငါပြန်တော့မယ်ဆိုတော့ အတင်း ငါနဲ့လိုက်ချင်တယ် လုပ်နေတာ နောက်နေ့လာခဲ့မယ်လို့ ကတိပေးထားခဲ့ရသေးတယ်"
"နောက်သွားတဲ့အခါ ငါလဲ လိုက်မယ်နော်"
"ဟုတ်ပါပြီ အခုတော့ အိပ်ရအောင် မနက်ဖြန်ကျ နောက်ဆုံးအတန်းချိန်တက်ရဦးမှာမလား"
"အင်း အဲ့ဒါပြီးရင် အတန်းမရှိတော့ဘူး"
"တော်တော်ပျော်နေတာလား
ပိတ်ရက်သုံးရက်ပြီး စာမေးပွဲလေ"
"အဲ့တာက Tyun ရှိရင် ရပြီ"
"အေးပါကွာ အိပ်တော့"
**တောက်စ် တော်တော်လေးကို ပျော်နေကြတဲ့ပုံပဲ အေးပါ ပျော်ထားဦးပေါ့
YOU ARE READING
Tale of A Heart // TaeGyu
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡
