❥ Chapter.10

165 26 1
                                    

"ကောင်းသောညလေးပါ Hyun "

"ဟုတ် ကားကို ဂရုစိုက်မောင်းပြန်နော် တာ့တာ "

TaeHyun လည်း နှုတ်ဆက်ပြီးတာနဲ့ အခန်းရှိရာ အထပ်သို့တက်လာလိုက်တယ်။ တံခါးဖွင့်ဖို့ သော့ရှာနေတုန်း ရုတ်တရပ် တံခါးပွင့်လာပြီး ပေါ်လာတဲ့ Hyuka ကြောင့်
"အားး လန့်လို့သေတော့မှာပဲ" မပြောမဆိုနဲ့ ရှေ့မှာ ရပ်နေတော့ လူကမလန့်ဘဲနေပါ့မလား။

"ပြန်လာပြီပေါ့ "

"အာရီးဂူးး Hyuka‌ လေးက ငါ့ကိုစောင့်နေတာလား"

"မဟုတ်ပါဘူး ဒီတိုင်း အသံကြားလို့ ထွက်ကြည့်လိုက်တာ ထင်တဲ့အတိုင်း တံခါးဖွင့်ဖို့သော့ရှာနေတာမလား"

"ဟီးဟီး ဒါပေါ့ "

"လာ ဝင်တော့ အပြင်ကအေးတယ် နေပါဦး ကျောင်းဝတ်စုံနဲ့သွားတာမဟုတ်ဘူးလား အပေါ်ထည်က ဘယ်လိုလုပ်"

"အော် ဒါလား Hyung ဝယ်ပေးတာလေ အေးနေမှာဆိုးလို့တဲ့ "

"ဝယ်ပေးတာ သူကလေ" *တစ်ခုခုတော့ တစ်ခုခုပဲ ဘာမှန်းမသိတာကခက်တာပဲ

"အင်းလေ ဒီတိုင်း ငါအေးနေလို့ ဝယ်လာပေးတာကို အဲ့လိုကျတော့လေ ငါ့စိတ်ထဲ Hyungက လူကြီးလူကောင်းဆန်တယ်နော် "

"အေး အဲ့မှာ စိတ်ကူးထိုင်ယဉ်နေလိုက် ဟိုက ဘာလို့ဒီလိုတွေလုပ်ပေးနေတာမှန်းမသိဘဲ ဇွတ်တွေ အမှတ်တွေပေးချင်နေတော့တာပဲ"

"ဘာမှ မဟုတ်လောက်ပါဘူး ဒီတိုင်းခင်လို့နေမှာပါ"

"အေးပါ ဒီတိုင်း စိတ်ရင်းနဲ့ဆို ကောင်းတာပေါ့ "

"ဟုတ်ပါပြီ သံသယဝင်တော်မမူပါနဲ့ အစ်ကိုတော်ရယ် သူ့ဘာသူနေတဲ့ ဦးနှောက်ကို လျှောက်မသုံးစမ်းပါနဲ့ နောက်ကျ ကျတော်မျိုးမေးစမ်းကြည့်ခဲ့ပါမယ်"

"ထားပါတော့ စားခဲ့ပြီးပြီလား "

"အင်း မင်းရော စားပြီးပြီလား "

"စားနေတုန်းလေ "

"ဟုတ်လား ငါလဲစားဦးမယ်လေ "

"မရဘူး ဟျောင့် ငါ့ဟာ‌တွေ မင်းကစားပြီးပြီဆို"

"နည်းနည်းလောက်ပါဆို"

Tale of A Heart // TaeGyuWhere stories live. Discover now