"သား Beomgyu ပါလား မလာတာတောင်ကြာပေါ့ "
"ဟုတ် မအားလို့ပါအန်တီရယ် အခုလဲကိစ္စလေးရှိလို့လာလိုက်တာ Soobin ကော ရှိတယ်မလားအန်တီ "
" ရှိပါ့ မနက်စာကော စားပြီးပြီလား"
"မစားခဲ့ရသေးဘူး ပြီးမှ-"
"ဒါဆို အန်တီပြင်ထားလိုက်မယ် Bin နဲ့ တူတူစားသွားလိုက်နော်"
"ဒါဆို ကျနော် သူ့ဆီ သွားလိုက်ဦးမယ်နော်"
ဒေါက် ဒေါက်
"မေမေ သားလော့မချထားဘူး "
"ဟုတ်လား သားလိမ္မာလေးပေါ့"
"ဟင် မင်း- BeomGyu "
"Surprise !"
"နေပါဦး မလာစဘူး အလာထူးလို့ ငါလန့်ရတော့မှာလား"
"မလန့်သေးနဲ့ဦး ပြောတာလေးအရင်နားထောင်ပြီးမှ လန့်"
"ကယ် ဆိုစမ်းပါဦး "
"မင်းရဲ့ကျောင်းမှာ ရှယ်ယာဝင်မလားလို့ ငါ တွေး- တွေး-"
"နိုးးးး "
"ဆုံးအောင်တောင်မပြောရသေးဘူးလေ"
"အဲ့လောက်ထိစီးပွားရေးသောင်းကျန်းချင်နေရင်လဲ ငါ့ကျောင်းလေးကိုတော့ ချမ်းသာပေးပါ"
"နေပါဦး အာ့ဆို တစ်ခုကူညီ ဆုံးအောင်လဲ နားထောင်ဦး"
"ငါ့ကျောင်းကိုတော့ မင်းစီးပွားရေးအင်ပါယာကြီးထဲ ဆွဲမထည့်ရင်ပြီးရော"
"ဆွဲတော့မထည့်ပေမဲ့ နည်းနည်းတော့ အဖျားလေးထိမယ်လေ"
*Soobin စိတ်ထဲတွင်တော့ ဘုရား ဘုရား ကျနော်မျိုးကို အားတဲ့ဘုရားဆင်းကယ်ပါဦး*
"မင်းရဲ့ကျောင်းမှာ scholarship မပေးဘူးလား"
"ဟမ် အဲ့တာ မင်းနဲ့ဘာဆိုင်လို့လဲ"
"ငါပေးချင်လို့ မင်းကကူညီပေးလေ"
"ဘာ!! ဘာတွေကြံစည်နေပြန်တာလဲ"
"စာတော်တဲ့ကျောင်းသားတစ်ချို့က အချိန်ပိုင်းနဲ့ ကျောင်းလဲတက်ရတယ် စာလဲကြိုးစားရတယ်ဆိုတော့ သူတို့တွေ ပိုအဆင်ပြေအောင် scholar ပေးလိုက်ရင်မကောင်းဘူးလား"

YOU ARE READING
Tale of A Heart // TaeGyu
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ အချစ်မြို့အလွန်က နှလုံးသားတစ်စုံရဲ့ပုံပြင်လေးတစ်ပုဒ် Start date - 13.9.2021♡ End date - 18.3.2022 ♡