8.9K 957 46
                                    

လေ​တိုးသံ​ကြောင့်​ တဲ​ရှေ့မှာ​ပေါက်​​နေသည့်​ မန်​ကျည်းပင်​မှ အရွက်​အခက်​တို့သည်​ ကယိမ်းနွဲ့ကုန်​သည်​။ အရွက်​ချင်းရိုက်​သံတို့က ဂီတသဖွယ်​ ​လေပြည်​နှင့်​အတူ ပတ်​ဝန်းကျင်​သို့ ပျံ့ကာလွှင့်​၍သွား၏။ မနက်​​လေးနာရီမခွဲခင်​ နိုး​နေကျဖြစ်​​သော ​ကောင်းကင်​ရဲ့မျက်​လုံးအစုံတို့သည်​ ဖြည်းညှင်းစွာပွင့်​၍လာ​လေသည်​။ ပျင်းရိခြင်းကို မနှစ်​သက်​သဖြင့်​ နိုးတာနှင့်​ချက်​ချင်း အ​ကြောမဆန့်​ပဲ ထထိုင်​လိုက်​သည်​။

"အ​မေ​တောင်​ နိုး​နေပြီပဲ"

တဲ​ရှေ့က ချိုးချိုးချွတ်​ချွတ်​အသံ​၊ ပွင့်​​နေသည့်​တံခါးမကြီးနှင့်​ ​ဘေးခုတင်​လွတ်​က အ​မေနိုးပြီဖြစ်​​ကြောင်း သက်​​သေပြ​နေသည်​။ သူက ခုတင်​​ပေါ်ကဆင်းကာ တဲ​ရှေ့ထွက်​လာခဲ့သည်​။

သူတို့အိမ်​​လေးက ​​မြေစိုက်​ဝါးထရံတဲ​အိမ်​​လေးဖြစ်​ပါသည်​။ ခြံဝန်း​လေးက အနည်းငယ်​ကျယ်​ကာ အိမ်​​ရဲ့အရှေ့ညာဘက်​မှာ​တော့ မန်​ကြည်းပင်​ကြီးတစ်​ပင်​ရှိပြီး မန်​ကျည်းပင်​​အောက်​၌ ​သုံးဖို့ချိုးဖို့ ​ရေအိုး​တွေထားရှိသည်​။ အိမ်​​ရဲ့ဘယ်​ဘက်​က​တော့ မနက်​​ဈေး​နေ့လယ်​​ဈေး ထွက်​ဖို့အတွက်​ ချက်​ပြုတ်​ပြင်ဆင်​သည့်​​နေရာ ဖြစ်​ပါသည်​။ သူတဲပြင်​ထွက်​လာ​တော့ အ​မေက ​ရေအိုး​ရှေ့မှာအာလူး​ဆေး​နေသသည်​။ အ​မေ့ဆီ​လျှောက်​သွားလိုက်​​တော့ အ​မေက သူ့ကို​မော့ကြည့်​ကာ ပြုံးပြလာသည်​။

"သား ​​ကောက်​ညှင်း​ပေါင်းတို့ အဆင်​သင့်​ဖြစ်​ပြီ​နော်​"

"ဟုတ်​ကဲ့"

အားကိုးရာ အိမ်​​ထောင်​ဦးစီးမရှိ​တော့​သော သူတို့သားအမိနှစ်​​ယောက်​အတွက်​ တစ်​​ယောက်​ကိုယ်​တစ်​​ယောက်​သာ အားထားရာ။ အ​ဖေဆုံးပြီး​နောက်​ အ​မေလည်းကျန်းမာ​ရေးသိပ်​မ​ကောင်းတာနှင့်​ အ​မေက သူ့အား မနက်​​သိမ်​ကြီး​ဈေး၌ စား​တော်​ပဲပြုတ်​၊​ကောက်​ညှင်း​ပေါင်း၊ ငချိတ်​​ပေါင်းနှင့်​ အုန်း​ပေါင်း စသည့်​မြန်​မာမုန့်​များကို သွား​ရောင်းခိုင်းပြီး အ​မေက ​နေ့လယ်​မှာဖွင့်​မည့်​အ​ကြော်​ဆိုင်​အတွက်​ ပြင်​ဆင်​ပါသည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now