၃၅

2.9K 366 45
                                    

အမရာက ဝတ်​ထားသည့်​ ပိုးထည်​ထိုင်​မသိမ်းအပန်း​ရောင်​နှင့်​ မြန်​မာဆန်​ဆန်​ လှပ​နေ​လေသည်​။ တစ်​​ယောက်​တည်းလည်း ဓာတ်​ပုံရိုက်​ရမည်​ဖြစ်​ပြီး၊ model boyတစ်​​ယောက်နှင့် ​​တွဲရိုက်​ရမည်​လည်းရှိသည်​။ အရင်​ဆုံး အတွဲပုံကိုအရင်​ရိုက်​သဖြင့်​ သူဝတ်​ထားတာ မင်္ဂလာထိုင်​မသိမ်းဖြစ်​​လေသည်​။ တွဲရိုက်​မည့်​ model boyက နာမည်​ကြီးဖြစ်​​နေသဖြင့်​ သူမှာ အံသြ​ပျော်​ရွှင်​ရ​သေးသည်​။ သူ့လိုတက်​သစ်​စ​လေးက နာမည်​ကြီးနဲ့တွဲရိုက်​ခွင့်​ရတာ မဟာအခွင့်​အ​ရေးမလား။

"ဘရဏီ​ရေ ဓာတ်ပုံ​ရိုက်​မယ် လာ​တော့"

မာမီဟန်​နီက မိတ်​ကပ်​ပြင်​အခန်းရဲ့ တံခါးဝက​နေလှမ်း​ခေါ်သဖြင့်​ အမရာကပြုံးလိုက်​​ခေါင်​ညိတ်​၍ ထွက်​လာခဲ့သည်​။ စတူဒီယိုထဲ​ရောက်​​တော့ ပန်း​တွေနဲ့အလှဆင်​ထားတဲ့ ​နေရာမှာ သူနှင့်​တွဲရိုက်​မည့်​သူက အသင့်​​စောင့်​​နေ​လေသည်​။ အမရာက ထိုသူ့​ဘေးသွားလိုက်​သည်​။ မာမီဟန်​နီနှင့်​မာမီ​ကေက​တော့ ကင်​မရာ​နောက်​က ဆိုဖာ​ပေါ်မှာ ထိုင်​​နေ​၍ သူ့ကိုကြည့်​​နေ၏။ မင်္ဂလာဇနီး​မောင်​နှံပုံစံမျိုး ဓာတ်​ပုံရိုက်​ရတာဆို​တော့ သူ့မျက်​နှာက မာန်​နှင့်​တင်းတင်းထားလို့မရ။ ချစ်​ရိပ်​အပြည့်​ဖြစ်​ရ​ပေမည်​။

"အို​ကေ အဲ့ပုံစံ​လေးမိုက်​တယ်​"

ကောင်​​လေးက အမရာ့ခါးကိုဖက်​ထားကာ အမရာက​မော့ကြည့်​ပြုံး​နေဟန်​​လေးဖြစ်​သည်​။ ဟန်​နီနှင့်​​ကေက​တော့ အမရာ့ရဲ့ပြုံး​နေတဲ့မျက်​နှာ​လေးကိုကြည့်​ရင်း သ​ဘောကျမိသည်​။ ကျရာပုံစံကို လုပ်​နိုင်​ပါ​သော အမရာသည်​ တကယ့်​ပါရမီရှင်​​လေးတစ်​ဦးဖြစ်​သည်​။ အတွဲပုံရိုက်​ပြီး​တော့ အမရာက အဝတ်​အစားပြန်​လဲရ​လေသည်​။ ပိုးထည်​​ငွေ​ရောင်​​လေးကိုဝတ်​ကာ ရှည်​လျားတဲ့သူ့ဆံနွယ်​​တွေကို ​နောက်​တွဲဆံထုံး​လေးထုံး၍ ​ငွေပန်းချပ်​​လေးပန်​ထားရုံကပင်​ သူ့ကိုအလှ​သွေးကြွယ်​​စေသည်​။

"အမရာဘရဏီက​တော့ နာမည်​အတိုင်း ​တော်​ဝင်​စံပြီးလှလိုက်​တာ"

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now