၁၂

3.7K 494 45
                                    

ပန်းပဲ​ချောင်းထဲသို့ မယ်​​တော်​ပုပ္ပါး​ချိုး​တော်​​ရေသုံးသည့်​အချိန်​ကို ကိုက်​ညှိ၍ ခရီးသည်​​တွေက အထက်​နန်းသို့ကူးကြ​လေသည်​။ ချိုး​တော်​​ရေသုံး​တော့မည်​ဆို​တော့ ​​တောင်​မြို့ငှက်​ဆိပ်​၌ ခရီးသည်​မရှိ​လေ​တော့။ နတ်​ပွဲလာခရီးသည်​များက ပုပ္ပါးမယ်​​တော်​ချိုး​ရေ​သုံးတာကို မကြည့်မ​နေရကြည့်​ကျသဖြင့်​ ပန်းပဲ​ချောင်းဝန်းကျင်​၌သာ လူအုံ​နေလိမ့်​မည်​ဖြစ်​သည်​။ ထိုအရာဟာ ဖြစ်​​နေကျအ​လေ့အထတစ်​ခုပင်​မည်​၏။

ကောင်းကင်​က ​နောက်​ဆုံးခရီးသည်​​ရှစ်​​ယောက်​နှင့်​ အရုဏ့်​ကိုတင်​၍ အထက်​နန်းသို့​လှော်​ခတ်​လိုက်​သည်​။ အရုဏ်​က ​​ကောင်းကင်​ကို​ကျော​ပေးကာ ​ကျောက်​ခက်​ပန်း​တွေဝယ်​ဖို့ ငှက်​​​ပေါ်ပါလာသည့်​ ​ဒေါ်​ဒေါ်​တွေကို စည်းရုံး​နေသည်​။

"တစ်​နှစ်​မှတစ်​ခါကျင်းပရတဲ့ပွဲပဲ ​ကျောက်​ခက်​ပန်းနဲ့လှလိုက်​ပါ ​ဒေါ်​ဒေါ်တို့ရဲ့၊ အသက်​ကြီး​ပေမယ့်​ အလှ​သွေးမ​လျော့​သေးဘူးဆိုတာ ပြလိုက်​ပါလားလို့"

အ​ဒေါ်ကြီး​တွေက ရယ်​​မော​လေသည်​။ အရုဏ့်​ရဲ့သိမ်းသွင်းမှုကို မည်​သူ့မှ​တောင့်​မခံနိုင်​ပါ။ မဝယ်​ချင်​တဲ့သူ​တောင်​ အရုဏ့်ပုံစံ​လေးကိုချစ်​လို့ ဝယ်​ကြ​လေသည်​။ ​ကျောင်းဆရာဖြစ်​ချင်​ပုံနှင့်​​တော့ လိုက်​ပါ့။ က​လေး​တွေကို စာလုပ်​ချင်​​အောင်​ သိမ်းသွင်းနိုင်​ဦးမည်​။

အရုဏ်​က ​​ကျောက်​ခက်​ပန်း​တွေကို ​ပေးလိုက်​ကာ ရလာသည့်​ပိုက်​ဆံ​တွေအား ​ကောင်းကင်​ဘက်​လှည့်​၍ ​ပေးလိုက်​သည်​။

ယ​နေ့ဖြစ်​​သော​နေမင်းကြီးကပူလွန်းလှသဖြင့်​ သူတို့နှစ်​​ယောက်​က မ​နေ့ကအတိုင်း အင်္ကျီလက်​ရှည်​အား ခေါင်းကိုခြုံပြီး ခ​မောက်​​ဆောင်းထားရ​လေသည်​။ မဟုတ်​လျှင်​ ချက်​ချင်း ဦး​နှောက်​​သွေး​ကြောပြတ်​ကာ ဒိုင်းခနဲလဲသွားမလား​တောင်​ ထင်​ရသည်​။

"ဟိုမှာ ​ဖောင်​​တောင်​မြင်​ရပြီ"

အရုဏ်​က အင်း​ပေါ်၌ ထည်​ထည်​ဝါဝါရပ်​တည်​​နေပါ​သော ​ရွှေ​ဖောင်​ကြီးကို လက်ညိုးထိုးကာ​ပြောသည်​။ ထိုအခါ ငှက်​​ပေါ်လိုက်​ပါလာသည့်​ လူကြီးသူမများက ထို​ဖောင်​​တော်​အား ​မျှော်​ကြည့်​၍ လက်​အုပ်​ချီရည်​မှန်းကာ ကိုးကွယ်​ကြ​လေသည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now