၂၃

3.6K 439 113
                                    

ကောင်းကင်​နှင့်​အရုဏ်​ဦးရဲ့ ချစ်​သူဆက်​ဆံ​ရေးတွင်​ အရင်​ဖြစ်​​သော သူငယ်​ချင်းဆက်​ဆံ​ရေးပုံစံဖြင့်​ အသွင်​ကွဲလွဲသွားတာမရှိ။ ပုံမှန်​အတိုင်း မနက်​ဆို ​ကောင်းကင်​က​ အရုဏ့်​အားကျောင်းလိုက်​ပို့၊ အရုဏ်​က ​​ကျောင်းကပြန်​အလာ ​ကောင်းကင်​အားဈေကူ​ရောင်း​ပေးသည်​။ အရုဏ်​က ​​ကျောင်းပိတ်​ရက်​ကျ ​ကောင်းကင်​အား မနက်​​ဈေး​ကူမ​ရောင်း​ပေးဖြစ်​။ သူတို့အပြုအမူ​တွေက အချစ်​ဘက်​သို့​ပြောင်းသည့်​အခါ အ​ဖေတို့မရိပ်​မိ​လေ​အောင်​ ​နေရသဖြင့်​ အရင်​တုန်းကလို အရဲကိုးလိုက်​မ​ရောင်းရဲဘဲ အပြုအမူ​တွေကို ဆင်​ခြင်​ရသည်​။ ပြောင်းလဲလာတာက​တော့ တစ်​ရက်​တစ်​ရက်​ ပိုတိုးလာသည့်​ သူတို့နှစ်​​ယောက်​၏ အချစ်​များသာဖြစ်​ပါ၏။ အ​ကြော်​​ရောင်းရင်း ချစ်​ဆိပ်​တက်​လာသည့်​အခါတိုင်း 'ငါမင်းကိုချစ်​တယ်​'ဆိုတဲ့ စကား​တော့ ​နှစ်​​ယောက်​သား ပြောဖြစ်​ကြသည်​။ တစ်​ပတ်​တစ်​ခါ တနင်္ဂ​နွေ​နေ့တိုင်း ဦးပိန်​တံတားထက်​ လူငယ်​သဘာဝချိန်း​တွေ့ကြသည်​။ သူတို့ရဲ့ချစ်​သူသက်​တမ်းဟာ တစ်​ရက်​မှစတင်​လည်​ပတ်​လာတာ တစ်​နှစ်​ပြည့်​​တော့​ပေမည်​။

တစ်​ရက်​ပြီးတစ်​ရက်​ ချစ်​လာခဲ့သည်​မှာ ချစ်​သူသက်​တမ်းတစ်​နှစ်​ပြည့်​သို့​ရောက်​​​ပေ​တော့မည်​။ ထိုမင်္ဂလာရှိ​သော​နေ့ရက်​သို့​ကူးမည့်​ သန်း​​ခေါင်ယံ​​ဆယ့်​နှစ်နာ​ရီ၌ ​ကောင်းကင်​က အရုဏ်​နှင့်အတူ ဂန္တဝင်​​သော​တောင်​သမန်​ထက်​က ဦးပိန်​တံတား​ပေါ်တွင်​ ကြယ်​​တွေ​ရေတွက်​ကြမည်ဟု စီစဉ်​ထားသည်​။ ထို့ပြင်​ နှစ်​ပတ်​လည်​လက်​​ဆောင်​အဖြစ်​ စင်​တူလက်​စွပ်​​လေးကို တစ်​​ယောက်​ကိုယ်​တစ်​​ယောက်​စွပ်​​ပေးချင်​သည်​ဟု ​ကောင်းကင်​က​တွေးထားသည်​။ ထို့​ကြောင့်​ ရည်​ရွယ်​ထားပြီးသားမို့ ​ကောင်းကင်​က လက်​စွပ်​ဝယ်​ရန်​ ​ရွှေဆိုင်​သို့ အပြုံးပန်းများပွင့်​လန်းရင်း သွားလျှက်​ရှိသည်​။

ရွှေဆိုင်​​ရှေ့​ရောက်​လျှင်​ဖြင့်​ ​ကောင်းကင်​က ဆိုင်​ကယ်​​ရပ်​ခဲ့ကာ ဆိုင်​ထဲသို့ဝင်​လာခဲ့သည်​။ မှန်​​ကောင်​တာ​ရှေ့​ရောက်​တာနှင့်​ အမျိုးမျိုး​သော​ရွှေထည်​​ရတနာ​တွေရဲ့အလှအပက သူ့ကိုဧည့်​ခံ​နေ​လေပြီ။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now