၁၁

4K 521 72
                                    

အရုဏ်​က ခြံတံခါး​ပေါက်​ဝက​နေ လမ်းမသို့​မျှော်​ကြည့်​လိုက်​မိသည်​။ သူ့ကို သင်​တန်းအဆင်းတစ်ဆယ့်​နှစ်​နာရီကျ လာ​ခေါ်ပါမည်​လို့​ပြောတဲ့ ​ကောင်းကင်​က ထိုးပြီးတစ်​ဆယ့်​ငါးမိနစ်​ရှိတာ​တောင်​ ​ပေါ်မလာ​သေးပါ။ သူ့မှာ ခြံထဲက​နေ လမ်းမသို့​ ​မျှော်​ကြည့်​​နေရတာ ခဏခဏ။ သူ့ထက်​ကြို​ရောက်​​နေမယ်​မှတ်​လို့ လွယ်​အိတ်​ကို​တောင်​ ဖိုးသာထူးအား သွားထားခိုင်းပြီး ကား​ပေါ်ကမဆင်းခင်​ကတည်းက အင်္ကျီလက်​ရှည်​နဲ့ဦးထုပ်​အနက်​​လေးကို ​ကြိုဝတ်​ကြို​ဆောင်းလိုက်​ရတာ၊ ​ကောင်းကင်​က​တော့ အခုထိ အရိပ်​​တောင်​​ပေါ်မလာ​သေး။ လာ​ခေါ်ဖို့များ ​မေ့​နေပါသလား။

"မလာ​သေးဘူးလားကွာ"

အရုဏ်​က လမ်းမသို့​ ​မျှော်​ကြည့်​လိုက်​သည်​။ ​​တွေ့ပါပြီ အသားကုန်​​ပြေးလာပါ​သော ​ကောင်းကင်​ကို။ သူက ခြံထဲမှ ခုန်​​ပေါက်​​ပြေးထွက်​ကာ သူ့ဆီလာ​နေပါ​သော ​ကောင်းကင်​အား အမြန်​လာမို့ လက်​ယှက်​​ခေါ်လိုက်​မိပါသည်​။

"​ကောင်းကင်​ မြန်​မြန်​လာ"

ကောင်းကင်​က သူ့ဆီအမြန်​​ပြေးလာသည်​။

"ကြာသွားလားကွာ၊ ငှက်​ဆိပ်​လူကျလို့ ငါလည်းခရီးသည်​လိုက်​ပို့​နေရလို့"

ရောက်​​ရောက်​ချင်း ​ကောင်းကင်​ခဗျာ အ​မော​တောင်​ မ​ဖြေရှာဘဲသူကြာရတဲ့အ​ကြောင်း ​ဖြေရှင်းရှာသည်​။

"ရပါတယ်​ကွ၊ ခုသွားမလား"

"အင်း သွားစို့်​ လာ ငှက်​ဆိပ်​လူကျတုန်း ခရီးသည်​ပြိုင်​​ခေါ်ရမှာ"

"ဟုတ်​ပြီ"

"သွားစို့"

ကောင်းကင်​က အရုဏ့်လက်​ဖဝါးကိုဆုပ်​ကိုင်​၍ လမ်းကူးသွားသည်။ ခရီးသည်​လွတ်​သွားမည်​စိုး၍ ​ငှက်​ဆိပ်​သို့အမြန်​​ပြေးရသည်​။ ​ငှက်​ဆိပ်​က​ဝေးတာမဟုတ်​။ ​သူတို့​တောင်​ကြီးရပ်​ကွက်​ ပန်းပဲ​ချောင်းအင်းစပ်​မှာပဲ ​ငှက်​ဆိုက်​တာဖြစ်​ပါသည်​။ ​​နတ်​ပွဲလာခရီးသည်​​​တွေက ကားလမ်းထက်​ ​ရေလမ်းကိုပို နှစ်​ခြိုက်​ကျ​လေသဖြင့်​ ငှက်​ဆိပ်​၌လူစည်​စမြဲဖြစ်​သည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Dove le storie prendono vita. Scoprilo ora