၃၀

3.3K 395 67
                                    

ဆရာအရုဏ်​ဦးတဲ့...​ကောင်းကင် ​​​​​​ခေါ်ချင်​ပါ​သော နာမည်​​လေး။ မြင်​ချင်​ပါ​သောပုံစံ​လေး။ ​ယ​နေ့​တော့ ထိုနာမ်​စား​လေးကို ​ခေါ်ခွင့်​ရမည်​ဖြစ်​သလို မြင်​ချင်​ရပါ​သော ​အဖြူ အစိမ်းဝတ်​စုံေ​လးဖြင့်​အရုဏ့်​ကိုလည်း သူမြင်​ခွင့်​ရ​ပေ​တော့မည်​။ ဘွဲ့ဝတ်​စုံ​ဝတ်​ထားသည့်​အရုဏ့်​ကို​မြင်​ရဖို့အတွက်​​တော့ အချိန်​ထပ်​​စောင့်​ရ​ပေဦးမည်​။

ကောင်းကင်​အတွက်​ ဘဝရှင်​သန်​ခြင်းရဲ့မြင်​ကွင်​လွှာကို​ဖော်​ပြပါဆိုလျှင်​ အရုဏ်​ကိုယ်​​တိုင်​ ဆရာ့ဂုဏ်​သိက္ခာနှင့်​ပြည့်​စုံ​သော ဆရာအရုဏ်​ဦးဆိုသည့်​ရည်​မှန်းချက်​ဆီသို့ အ​ရောက်​သွား​နေသည့်​မြင်​ကွင်းလွှာဖြစ်​သည်​။ သူက​တော့ အရုဏ့်​ပန်းတိုင်းအတွက်​ ​လျှောက်​လှမ်းရသည့်​ ​လှေကားထစ်​​ပေါင်းများစွာထဲမှ တစ်​ထစ်​​လောက်​​တော့ အ​ထောက်​အပံ့​ဖြစ်​ချင်​သည်​။ အရုဏ်​ပင်​ပန်းတိုင်း သူ့ရင်​ခွင်​ထဲထည့်​ဖက်​ထား​ပေးမည်​။ အားတက်​​စေမည့်​ အား​ပေးစကား​တွေ​ပြော​ပေးမည်​။ မည်​သူမှအရုဏ့်​အနားမရှိပါ​စေ သူက​တော့ အမြဲတမ်းရှိ​နေမည်​။ ​ကောင်းကင်​ကြီးက အရုဏ်​ဦးမရှိဘဲ မစတင်​နိုင်​သလို​ပေ။ အရုဏ်​ဦးကိုသာ ခိုမှီ​နေပါသည်​​​။

ကောင်းကင်​က ထိုအ​တွေးများ​ကြောင့်​ ဆိုင်​ကယ်​​မောင်း​နေရင်းမှ ပြုံးလိုက်​မိသည်​။ အရုဏ့်​ခြံ​ရှေ့​ရောက်​လျှင်​ဖြင့်​ ဆိုင်​ကယ်​စက်​သတ်​ကာ ဆိုင်​ကယ်​​ပေါ်မှာပဲထိုင်​​စောင့်​လိုက်​သည်​။ ​စော​သေးသည်​မို့ အရုဏ်​ကထွက်​မလာ​သေးပါ။ သူ့မှာသာအရုဏ့်​ရဲ့ဆရာတစ်​​ယောက်​ပုံစံကို မြင်​ချင်​လွန်းလို့ ​စောထွက်​ခဲ့ရတာ။ အရုဏ်​ထွက်​လာမည့်​အချိန်​ကိုသာ ရင်​ခုန်​စွာ​စောင့်​​မျှော်​​နေမိသည်​။ ထွက်​လာလျှင်​​တော့ ဆရာအရုဏ်​ဦးဆိုသည့်​​အ​ခေါ်အ​ဝေါ်ကို အားရပါးရ​ခေါ်ပစ်​လိုက်​ပါမည်​။

ယ​​နေ့သည်​ ​အရုဏ့်​အတွက် ​​ဆရာဖြစ်​တင်​ခြင်းရဲ့ ပထမဆုံးရက်​ဖြစ်​၏။ ကောင်းကင်ဝယ်​ပေးထားေ​​​​​​သာ ကျောင်းဝတ်​စုံ အဖြူ အစိမ်းကိုဝတ်​၍ ​ဆံပင်​ကို​ဘေးသို့ခွဲကာ သပ်​သပ်​ရပ်​ရပ်​ပြင်​ထားပါ​သောသူသည်​ ဆရာတစ်​​ယောက်​၏ သွင်​ပြင်​လက္ခဏာနှင့်​ ပြည့်​စုံ​နေသည်​။ ဆရာတစ်​​ယောက်​ရဲ့ စိတ်​ဓာတ်ကို​တော့ သူကျင့်​ယူရ​ပေမည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now