၄၅

4.6K 335 28
                                    

အရုဏ်​က ​သူခေါင်းအုံးထားသည့်​လက်​​မောင်းတစ်​ဖက်​ရဲ့ လှုပ်​ရှားမှု​ကြောင့်​ ​နေ့သစ်​တစ်​ရက်​ကိုစတင်​ဖို့အတွက် နိုးလာခဲ့သည်​။ နိုးတာနှင့်​ ချက်​ချင်းမထ​သေးဘဲ ဖက်​လက်​စ​ကောင်းကင်​ရဲ့ခါးကို ပိုတိုးလို့ဖက်​လိုက်​ကာ ​ကောင်းကင်​ရင်​ခွင်​ထဲ တိုးဝင်​လိုက်​သည်​။ ထိုအခါ​တော့ သူ့ခါးထက်​က ​ကောင်းကင်​ရဲ့လက်​က ပိုတင်းကျပ်​သွားကာ ​ခေါင်း​ပေါ်သို့ အနမ်းမိုး​တွေ တဖွဲဖွဲကျ​ရောက်​လာ​လေသည်​။

မနက်​​ဈေးထွက်​ရဦးမည်​​ကြောင့်​ ပျင်းရိလို့မဖြစ်​သဖြင့်​ အရုဏ်​က မျက်​ခွံ​တွေကိုအားယူပင့်​တင့်​ကာ မြင်​ကွင်းလွှာကိုအလင်း​ပေး​တော့ ​စွပ်​ကျယ်​သာဝတ်​ထား​သော ​ကောင်းကင်​ရဲ့ရင်​အုပ်​ကျယ်​ကြီးကို ဦးစွာမြင်​ရ​လေသည်​။ ပြုံးမိသွားကာ ​ကောင်းကင်​ရင်​ဘက်​သို့ နှာ​ခေါင်းအပ်​၍ ​ကောင်းကင်​ရဲ့ကိုယ်​သင်းနံ့အား တဝကြီးရှူ ရှိုက်​လိုက်​သည်​။

"​ကောင်းကင်​ကြီးက အရုဏ်​ဦးနဲ့အတူ ​နေ့သစ်​တစ်​ရက်​ကို စတင်​​တော့မယ်​၊ လာပါဦးနမ်းဦးမယ်​"

ကောင်းကင်​က အရုဏ့်​အားပက်​လက်​လန်​​စေပြီး အရုဏ့်​​​ပေါင်​​ပေါ်ခွထိုင်​ကာအုပ်မိုး၍ အရုဏ့်​နဖူးပြင်​လေးကို အသာနမ်းလိုက်​သည်​။ ထို့​နောက်​ နှာ​ခေါင်းလုံး​လေးသို့ တစ်​ချက်​နမ်းပြီး ပါးပြင်​​လေးသို့ဖိနမ်းလိုက်​​တော့ အရုဏ့်​ရဲ့ရယ်​သံ​လေးက သူ့နားဝသို့​လေ​ပြေတစ်​ဖွယ်​ဖြတ်​သန်းလာသည်​။ ပါးပြင်​ကိုနမ်းရှိုက်​ပြီး​နောက်​ အရုဏ့်​ရဲ့ရီ​ဝေတဲ့မျက်ဝန်း​တွေသို့ ​ငေးစိုက်​ကြည့်​​တော့ အရုဏ်​က လည်​ပင်းကို လက်​နှစ်​ဖက်​ဖြင့်​သိုင်းဖက်​​လာလေသည်​။

"ချစ်​တယ်​ အရုဏ်​"

ကောင်းကင်​က ချစ်​စကားဆိုပြီး​နောက်​ အရုဏ့်​နှုတ်​ခမ်းလွှာအစုံကို သူ့နှုတ်​ခမ်းလွှာကြား ငုံ​ထွေးထားလိုက်​သည်​။ အရုဏ်​က ကြည်​နူးမှု​ကြောင့်​ပြုံးသွားပြီးမှ မျက်​လုံးမှိတ်​ကာ နူးညံ့တဲ့ထိ​တွေ့မှု​လေးကို ​သေချာအာရုံစိုက်​ခံစား​နေမိပါသည်​။ သူတို့ရဲ့အကြင်​နာပန်းက​လေးရဲ့ရှင်​သန်​ခွင့်​က စက္ကန့်​ပိုင်းထက်​ပိုမကြာပါ။ ​ကောင်းကင်​ဘက်​ကပဲ အရုဏ့်​နဖူးကိုတစ်​ချက်​နမ်း၍ ရပ်​တန့်​​ကာ အရုဏ့်​ကိုထူ​ပေးပြီး တဲပြင်​သို့ထွက်​ခဲ့သည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now