၁၆

3.1K 345 2
                                    

အချိန်​နှင့်​ဒီ​ရေဟာ လူကိုမ​စောင့်​ဆိုသည့်​စကားအတိုင်း ဖြတ်​သန်းရှင်​သန်​ခဲ့သည့်​​နေ့ရက်​များ တစ်​ရက်​ပြီးတစ်​ရက်​ ကုန်​ဆုံးလာခဲ့ပြီဖြစ်​သည်​မှာ ​နွေရာသီပိတ်​ရက်​ကုန်​လို့ ​ကျောင်း​တွေပင်​ပြန်​ဖွင့်​​တော့​ပေမည်​။ ​တစ်​ကိုယ်​တည်းသာရပ်​တည်​ရမည်​ဖြစ်​​သော ​ကောင်းကင်​အတွက်​ ​ကျောင်းမတက်​ဖြစ်​​တော့​ပေ။ ဝမ်း​ရေးကိုသာ ​အဓိကထားလုပ်​ဖို့ဆုံးဖြတ်​ထားသည်​။

ကောင်းကင်​က တို့ဟူး​ကြော်​ဖို့အတွက်​ တို့ဟူးတုံး​တွေကို အတုံး​သေး​​သေး​တွေဖြစ်​​အောင်​ လှီး​နေရသည်​။ လှီး​နေရင်းမှ တစ်​ချက်​တစ်​ချက်​ အ​ကြော်​ဗန်းနှင့်​ ဆီဒယ်​အကြားကထိုင်​ခုံပုမှာ ထိုင်​​နေသည့်​အရုဏ့်​ကို ခိုးကြည့်​ရတာခဏခဏ။ ဘာလို့ရယ်​မသိပါ။ အရုဏ့်​မျက်​နှာ​လေးကို ခဏခဏကြည့်​​နေချင်​မိတာ​ပေ။ မကြည့်​ရရင်​ကို မ​နေနိုင်​​တော့။ ထူးဆန်းလွန်းလို့ သူ့စိတ်​သူမျက်​လုံးပြူးအံ့သြရတဲ့အဆင့်​​ပေ။

"​ကောင်းကင်​တို့ဟူး​ကြော်​ပြီး ဘာ​ကြော်​မလဲ"

အရုဏ်​က ရုတ်​တရက်​လှည့်​​မေးလာသဖြင့်​ ​ကောင်းကင်​က အရုဏ့်​ထံ​ရောက်​​နေသည့်​ သူ့အကြည့်​​တွေကို အမြန်​လွှဲလိုက်​ရသည်​။ ခိုးကြည့်​မိတာ​ကြောင့်​ စိတ်​မလုံသဖြင့်​ ဟိုကြည့်​ဒီကြည့်မျက်​လုံးကစားပြီးမှ အရုဏ့်​ဘက်​လှည့်​လိုက်​ရသည်​။ အရုဏ်​က ပကတိဖြူ ဖြူ စင်​စင်​မျက်​နှာ​လေးဖြင့်​ သူ့အ​ဖြေကို​စောင့်​​နေ​လေသည်​။

"ကုလား​ဗရာ​ကြော်​မှာ"

"ဟုတ်​ပြီ ငါအဆင်​သင့်​လုပ်​ထား​ပေးမယ်​"

အရုဏ်​က ထိုင်​ရာမှထကာ ​ညောင်​ပင်​ကိုပတ်​​ဆောက်​ထားသည့်​ အုတ်​ခုံဆီသို့သွား၍ ကုလားပဲနှစ်​ထည့်​ထားသည့်​လင်​ဗန်းအကြီးကိုယူကာ ​ကောင်းကင်​အနားမှာထားလိုက်​သည်​။ ထို့​နောက်​ ထိုင်​ရာ​နေရာသို့ပြန်​မသွား​သေးဘဲ ​ကောင်းကင်​လည်​တိုင်​ထက်​က အသဲပုံဆွဲသီးနှင့်​ဆွဲကြိုး​လေးကို ကြည့်​လိုက်​မိသည်​။ ဘာ​ကြောင့်​လဲမသိ ​ကောင်းကင်​လည်​တိုင်​ထက်​က ဆွဲသီးတစ်​ဝက်​နှင့်​ဆွဲကြိုးတစ်​ကုံး ​လျော့သွားမှာသူ​ကြောက်​သည်​။ ထို့​ကြောင့်​ မ​လျော့ပါ​စေနဲ့လို့ဆု​တောင်းရင်း ကြည့်​မိတာခဏခဏ။ ​လျော့မသွားတာ​သေချာမှ သူလည်းသက်​ပြင်းချနိုင်ကာ ကိုယ့်​​နေရာမှာကိုယ်​ပြန်​ထိုင်​လိုက်​သည်​။ 

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now