၁၃

3.5K 492 50
                                    

စက္ကန့်​မှသည်​ မိနစ်​၊ မိနစ်​မှသည်​ နာရီ၊ နာရီမှသည်​ရက်​၊ ရက်​မှသည်​သီတင်းပတ်​၊ သီတင်းပတ်​မှသည်​လ၊ လမှသည်​နှစ်​၊ နှစ်​မှသည်​ အကြိမ်​ကြိမ်​​သော နွေ​ဂိမာန်​ မိုးဝဿ     န်​ ​ဆောင်း​ဟေမာန်​တို့အား ​ကျော်​ဖြတ်​ခဲ့သည်​။ ​ပျော်​ရွှင်​ဖွယ်​ရက်​များအား ကုန်​လွန်​ခဲ့သလို ဝမ်းနည်းဖွယ်​ရက်​များအား ​ဖြတ်​သန်းခဲ့ကြသည်​။ အချိန်​​တွေကုန်​ဆုံးသွားသည်​မှာ ​ကောင်းကင်​ပင်​ ဆယ်​တန်းတက်​ဖို့ ဖြစ်​လာခဲ့သည်​။ သို့​သော်​လည်း မမြဲ​သောလူ့​လောကကြီး၌ ​ကောင်းကင်​ဘဝအတွက်​ မထင်​မှတ်​​သောအရာတစ်​ခုဖြစ်​လာခဲ့သည်​။ ထိုအရာသည်​ ကိုးတန်း​နွေရာသီပိတ်​ရက်​၌ မိခင်​ဖြစ်​သူကွယ်​လွန်​သွားခြင်းပင်​တည်း......။

ကားက​လေး အမရာခြံထဲ​ရောက်​​ရောက်​ချင်း ဖွားတုတ်​က ပျက်​​နေ​သောမျက်​နှာဖြင့်​ အရုဏ်​ဆင်းအလာကို ​ကာ​တံခါး​ဘေး၌ ရပ်​​စောင့်​​နေလိုက်​သည်​။ အရုဏ်ဆင်းလာချင်း အရုဏ့်​အား ကားနဲ့ခပ်​​ဝေး​ဝေး​နေရာသို့ ဆွဲ​ခေါ်သွားလိုက်​သည်​။

"ဘာဖြစ်​လို့လဲ ဖွားတုတ်​"

အရုဏ်​​မေးလာသည်​။

"ဒီ​နေ့မနက်​တင်​ ​ကောင်းကင်​ရဲ့အ​မေဆုံးသွားလို့တဲ့ သားရဲ့"

"ဗျာ"

အရုဏ့်​ရင်​ဘက်​တစ်​ခုလုံး တုန်​လှုပ်​သွားသည်​။ ​ဒေါ်​လေးတင်​​ရွှေဆုံးလို့တဲ့။ ဒါဆို ​ကောင်းကင်​ ခုချိန်​ဘယ်​လိုများ ခံစား​နေရမလဲ။ စိုးရိမ်​စွာဖြင့်​ ချက်​ချင်းပင်​ ​ကောင်းကင်​အိမ်​သို့ အ​ပြေးသွားလိုက်​မိသည်​။ ​​နောက်​က​အော်​​ပြောသံ​တွေကိုလည်း မကြားမိ​တော့။ ရင်​ထဲမှာ စိတ်​ပူ​နေမှုဟာ သူ့ကိုယ်​အတွက်​မဟုတ်​ဘဲ ​ကောင်းကင်​အတွက်​သာ ဖြစ်​တည်​​နေသည်​။ ဒီအချိန်​ ​ကောင်းကင်​ဘယ်​လိုခံစား​နေရမလဲ။ အရမ်းချစ်​ရတဲ့အ​မေဖြစ်​သူကို ဆုံးရှုံးလိုက်​ရတာ ဘယ်​လိုခံစား​နေရမလဲ။

မြင်းတစ်​​ကောင်​လို အရှိန်​နှုန်းနှင့်​ ဒုန်းစိုင်း​ပြေးလာခဲ့တာ ​ကောင်းကင်​အိမ်​​ရှေ့သို့​ရောက်​​လေပြီ။ အိမ်​​ရှေ့၌ နာ​ရေးလာဧည့်​သည်​ အနည်းအပါးရှိသည်​။ မျက်ရည်​စို့ကာစို့ကာ ​ကောင်းကင်​အတွက်​ရည်​ရွယ်​သည့်​ သနားမှုပြုအသံ​တွေကို သူကြား​နေရသည်​။ ​လေးဖင့်​​နေသာရင်​တစ်​စုံဖြင့်​ သူ အိမ်​ထဲသို့ဝင်​ခဲ့ပါသည်​။ အိမ်​ထဲမှာ နာ​ရေးလာဧည့်​သည်​​တွေ​တော့မရှိ။ ​ဒေါ်​လေးတင်​​ရွှေရဲ့ရုပ်​အ​လောင်းတင်​ထားသည့်​ ခုတင်​​အောက်​မှာ ဖျာတစ်​ချက်​ခင်းထားပြီး ထိုဖျာ​ပေါ်၌ ​ကောင်းကင်​က ဒူးပိုက်​ထိုင်​ကာ ​ဒေါ်​လေး​ရွှေတင်​ရဲ့ရုပ်​အ​လောင်းကို ​ငေး​ငေးငိုင်​ငိုင်​ကြည့်​​နေသည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now