၂၁

3.7K 496 113
                                    

ဆောင်းရင်​တွင်းက ဧရာဝတီဟာ ​အေးစက်​​နေလိမ့်​မည်​။ သို့​သော်​ ​ကောင်းကင်​ရင်​တွင်း၌​တော့ ခံစားချက်​​ပေါင်းများစွာဖြင့်​ ပူ​လောင်​​နေသည်​။ အရင်​ကလို မြူ ဖုံး​နေ​သော စစ်​ကိုင်း​တောင်​နှင့်​ဧရာဝတီရဲ့ ​ဆောင်းမနက်​ခင်းအလှကို မရှုစားနိုင်​။ မနက်ဖြန်​မှာ အရုဏ့်​ကိုချစ်​​ရေးဆိုဖို့အတွက်​သာ ​တွေး​တော​နေမိသည်​။

"​ကောင်းကင်​ ဘာဖြစ်​​နေတာလဲ၊ စိတ်​ညစ်​စရာရှိ​နေလို့လား၊ ငါ့ကို​ပြော​လေ"

အရုဏ်​က လက်​ရန်းကိုဆုပ်​ကိုင်​ထားသည့်​ ​ကောင်းကင်​ရဲ့လက်​ဖမိုးကို ဆုပ်​ကိုင်​လိုက်​သည်​။ သူ့အိမ်​က​နေ အလာကတည်းက ​ကောင်းကင်​မျက်​နှာမ​ကောင်းတာ၊ မရွှင်​လန်းတာ သူရိပ်​မိပါသည်​။ အိမ်​ကထွက်​လာကတည်းက ဘာစကားမှ​ပြောမလာခြင်းက တံတား​ပေါ် ခဏနား​တော့လည်း ဒုံရင်းအတိုင်းဖြစ်​သဖြင့်​ ပြဿ နာများရှိ​လေသလားလို့ စိုးရိမ်​မိပါသည်​။ အခါတိုင်းဆို ​ကောင်းကင်​မျက်​နှာက ပြုံးတစ်​လှည့်​၊ရှက်​တစ်​လှည့်​ဖြစ်​၏။ မဟုတ်​မှ သူ့ကိုများ ​ကောင်းကင်​က စိတ်​ဆိုး​နေသလား။

"​ကောင်းကင်​ ငါဘာလုပ်​မိလို့လဲ စိတ်​ဆိုး​နေတာလား"

ကောင်းကင်​အား လက်​က​နေဆွဲကာ သူ့ဘက်​လှည့်​​စေသည်​။ ဘာကိုများ စိတ်​ဆိုးသွားတာလဲ။ ဘာများလုပ်​မိလို့လဲ။ ​​ကောင်းကင်​ရဲ့ အခုလိုပုံစံအား သူမကြိုက်​ပါ။

အရုဏ့်​ရဲ့ အသံငယ်​​လေးကြားမှ ​အပြုအမူ​တွေ လွန်သွားမှန်း ​ကောင်းကင်​သိ​တော့သည်​။ ထို့​ကြောင့်​ အားတင်းပြုံးကာ....

"စိတ်​မဆိုးပါဘူးကွာ၊ ငါမနက်​ဖြန်​မင်းကို​ပြောပြမယ်​​လေ ဦးပိန်​တံတား ​ပထမဆုံးဇရပ်​​ကျော်​ထိ လာခဲ့​ပေးပါလား၊ ​နေကြာခင်းနဲ့တည့်​တန်းမှာ ​စောင့်​​နေ​ပေး မနက်​ခုနှစ်​နာရီ​လောက်​၊ ​ကျောင်းလည်းပိတ်​​တော့ အဆင်​​ပြေတယ်​မလား"

"အင်း လာခဲ့မယ်​၊ ဘာဖြစ်​တာလဲဆိုတာ ​သေချာ​ပြောပြ"

"​ကျေးဇူးတင်​ပါတယ်​"

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now