3.9K 557 41
                                    

ဒေါ်ထိပ်​တင်​က လက်​​ကောက်​ဝတ်​ထိဖုံးတဲ့ ရင်​ဖုံးအင်္ကျီအဖြူ ​လေးနှင့်​ ​ထဘီအစိမ်း​ရောင်​​လေးကိုဝတ်၍ ပါးပြင်ထက်​ သနပ်​ခါး​ဖွေး​ဖွေးခြယ်​သကာ ခါးထိရှည်​​သောဆံနွယ်​​တွေအား စုကာစည်းထားပြီး အလှကြီးလှ​နေတဲ့ သမီးဖြစ်​သူကို ရှုမဝဖွယ်​ ကြည့်​​နေမိသည်​။ လှလိုက်​တာ။ သူ့ရဲ့အချစ်​ရဆုံးသမီး​လေးက ယဉ်​ယဉ်​​လေးနှင့်​ စွဲမက်​​အောင်​လှ​နေလိုက်​တာ။ 'အမရာဘရဏီ´ဆို​သော နာမည်​နှင့်​လိုက်​​အောင်​ ဂန္တဝင်ဆန်​လှသည်​။

"သမီးက လှလိုက်​တာ၊ ​တော်​လည်း​တော်​တယ်​၊ အ​မေ​ပြောထားတာ မှတ်​မိလား သမီး"

"ဟုတ်​ ​ပြေးတမ်းလိုက်​တမ်း မ​ဆော့ရဘူး၊ ​ယောကျာ်း​လေး​တွေနဲ့ မ​ပေါင်းရဘူး"

"​တော်​တယ်​"

ဒေါ်ထိပ်​တင်​က သမီးဖြစ်​သူပါး​လေးကို ​မွှေးကြူ လိုက်​သည်​။ သမီးက ​ကျောင်းစတက်​ရပြီဖြစ်​သည်​။ ထို့​ကြောင့်​ ​ကျောင်းမှာ မလုပ်​ကိုင်​သင့်​တာကို ​ပြောပြထားရသည်​။ မိန်းက​လေးဆိုတာ အိ​နြေ္ဒရရ​နေရပြီး ဘယ်​​ယောက်ျားသားနှင့်​မှ စကား​ပြောစရာမလို​ပေ။ ထိုအချက်​က သူ့သတ်​မှတ်​ချက်​​မဟုတ်​။ ​ဘေးဘိုးစဉ်​ဆက်​သတ်​မှတ်​ချက်​​ပေ။

"လိမ္မာတယ်​၊ ​သေချာမှတ်​ထား​နော်​ သမီး"

"ဟုတ်​ကဲ့ပါရှင့်​"

"ချစ်​လိုက်​တာ ​မေ့သမီးရယ်​၊ လာ အ​မေတို့ ​အောက်​ဆင်းစို့"

သမီးရဲ့​ပါးပြင်​အား ​နောက်​တစ်​ချက်​ပြန်​နမ်းကာ ကျောပိုးအိတ်​ကိုကူကိုင်​​ပေး၍ သမီးလက်​ကိုဆွဲလျက်​ ​အောက်​သို့ဆင်းလာခဲ့သည်​။ ​အောက်​ထပ်​မှာ​တော့ ​သူ့အကိုနှစ်​​ယောက်​က ကျောင်းသွားဖို့အသင့်​​စောင့်​​နေ​လေသည်​။

"သားတို့ ညီမ​လေးကို ဂရုစိုက်​​နော်​"

ပြောရင်း ​ကျောပိုးအိတ်​အား သားငယ်​လက်​ထဲထည့်​​ပေးလိုက်​သည်​။ သားငယ်က ​ကျောပိုးအိတ်​ကိုယူပြီး ညီမဖြစ်​သူလက်​ဖဝါး​လေးကို ဆုပ်​ကိုင်​ထားလေသည်​။ သူ့ညီမကို ချစ်​လိုက်​တာလွန်​​ကော။ သားကြီးက​တော့ သူ့ဘာသာခပ်​တည်​တည်​ရပ်​​နေသည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now